ဗီဒီယို ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ မင်းသမီးလေးတစ်ဦးဖြစ်တဲ့ နန်းစုရတီစိုးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ရုပ်ရှင်သရုပ်ဆောင်အလုပ်တွေနဲ့အနည်းငယ်ဝေးကွာ လျက်၇ှိပြီး သီချင်းတွေဘက်မှာ ပိုပြီး အားသာနေတာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ပိုင်းမှာသာမက သီချင်းလေးတွေကို လည်း အသံချိုချိုအေးအေးလေးနဲ့ သီဆိုနိုင်တာကြောင့် ပုရိသတွေ တဖြုတ်ဖြုတ်ကြွေနေရသူလေးဖြစ်ပါတယ်။

လတ်ရှိအချိန်မှာတော့ အချစ်ရေးမှာတည်ငြိမ်စွာရှိပြီး နှုတ်ခမ်းနီမလေးတွေ အသည်းစွဲကြိုက်ရတဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော် G fatt နဲ့ အတူ တစ်ယောက်ကိုယ်တစ်ယောက် အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ relationship လေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေအကုန်လုံးကလည်း သဘောတူပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ် လက်ခံထားကြတာပဲ ဖြစ်ပါတယ်။

နန်းစုက G fatt ထက် အသက်ကြီးပေမယ့် ချစ်စရာကောင်းတဲ့ နေရာမှာတော့ အရုပ်မလေးအလားထင်မှတ်ရအောင် နုပျိုလှပသူလေးပဲ ဖြစ်ပါတယ်။ ယခုလည်း အ၇မ်းကိုတောက်ပလှတဲ့ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်ထားတဲ့ နိုင်ငံခြားသူလေးတစ်ယောက်ကဲသို့ ထင်မှတ်မှားစေလောက်တဲ့ အလှတွေနဲ့ပရိသတ်တွေကို ဖမ်းစားလိုက်တာဖြစ်ပါတယ်။ နန်းစုက မြန်မာဝတ်စုံလေးတွေ ဝတ်ရတဲ့ အပေါ်" မြန်မာဝတ်စုံလေးတွေဝတ်ထားရင် ယုံကြည်မှု လုံခြုံမှု ဂုဏ်ယူမှု ရင့်ကျက်မှုတွေ အလိုလိုရ " ဆိုပြီး သူမရဲ့ ခံစားချက်လေးကိုလည်း ပြောပြထားပါသေးတယ်နော်။

Source:Nan Su Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။