မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကိုအများဆုံးသိမ်းထားနိုင်တဲ့ Beauty Blogger မလေးကတော့ နေခြည်ဦးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးBeauty Blogger မလေးလည်းဖြစ်ပါတယ်။သူမကတော့ လတ်တလောမှာအနုပညာအလုပ်တွေကိုလည်းအများဆုံးကြိုးစားနေပြီးဇာတ်ကားကြီးတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။

သူပါဝင်ရိုက်ကူးထားတဲ့ဇာတ်ကားကြီးတွေကိုလည်းရုံတင်ခဲ့ပြီးပရိသတ်တွေတစ်ခဲနက်အားပေးခဲ့ကြတာပါ။ပထမဆုံးရိုက်ကူးခဲ့ရတာ

ဖြစ်ပေမယ့်လည်း ကာရိုက်တာတိုင်းမှာပီပြင်တာကြောင့်ကြည့်ရှုသူပရိသတ်တွေကိုမတူညီတဲ့ခံစားချက်တွေပေးနိုင်တဲ့ ဇာတ်ကားကြီးဖြစ်ခဲ့ရပါတယ်။နောက်ထပ်ဇာတ်ကားကြီးတွေကိုလည်းရိုက်ကူးနေပြီးမကြာခင်မှာသူရဲ့ဇာတ်ကားကြီးတွေကိုမြင်တွေ့ဖို့

ရှိနေတာဖြစ်ပါတယ်။

သူမကတော့ Beauty Blogger တစ်ယောက်ပီပီ သူကိုယ်တိုင်လှပအောင်နေတာဖြစ်ပါတယ်။သူ့ရဲ့အလှပုံရိပ်တွေကိုလည်းပရိသတ်တွေအတွက် လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေကလည်းပုံလေးတွေအောက်ကနေ ချစ်နေရတာပါ။သူမရဲ့ဖက်ရှင်တွေကလည်းသူများနဲ့မတူအောင်ဝတ်ဆင်လေ့ရှိတာပါ။သူ့ရဲ့အမိုက်စားရင်ခုန်သံပုံရိပ်တွေလည်းတင်ပေးလေ့ရှိပြီးခုမှာလည်း mirror selfie ရိုက်နေတဲ့ ပုံရိပ်လေးတွေကိုတင်ထားတာဖြစ်ပါတယ်။Mirror Selfie ပေါ်ကချီချီရဲ့ပုံရိပ်တွေကလည်း ပရိသတ်တွေကိုရင်ခုန်သံမြန်အောင်ဆွဲဆောင်နေမှာဖြစ်တာကြောင့်ချီချီရဲ့ပုံရိပ်တွေကို

တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။