နေမာအနေနဲ့ အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ရောက်ရှိဖို့ အခြေအနေတွေ နီးသထက် နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြကြပါတယ်။ပီအက်စ်ဂျီအသင်းကို ၂၀၁၇ ခုနှစ်ကမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ဒါမယ့်ခုချိန်မှာတော့နေမာက အသင်းဟောင်းဘာစီလိုနာကို ပြန်သွားဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြနေတဲ့ ကာဗာနီအပြင် လူငယ်ကြယ်ပွင့် အန်ဘာပီလည်း ရှိလာတာကြောင့် ပွဲထွက်ခွင့် ပုံမှန်ရဖို့ပအတွက်မလွယ်တော့တာဖြစ်ပါတယ်။နေမာဟာပွဲထွက်ခွင့်သေချာစေဖို့အတွက် ဘာစီလိုနာမြေကို ပြန်သွားချင်နေတာဖြစ်ပါတယ်။နေမာဟာ အခုရာသီ စွမ်းဆောင်မှုအဖြစ် ၁၉ ပွဲကစားပြီး ၁၇ ဂိုး သွင်းယူထားသလို ၇ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။ပီအက်စ်ဂျီအသင်းကအောင်မြင်မှုတွေရရှိဖို့အတွက်ငွေကြေးအမြောက်အများသုံးစွဲကာကစားသမားတွေ

ခေါ်ယူနေတာဖြစ်ပါတယ်။ 

အသင်းဟောင်း ဘာစီလိုနာကလည်း နေမာကို ၁၉၈ သန်းနဲ့ ရောင်းချခဲ့ပေမယ့် အခုပြန်လည်ဝယ်ယူတဲ့ အချိန်မှာတော့ ဈေးလျော့ပြီး ပေးချေရဖွယ်ရှိတာကြောင့် ပြန်လည်ခေါ်ယူလိုနေတာပါ။ဒါ့အပြင် အသင်းဖော်ဟောင်း မက်ဆီကလည်း နေမာနဲ့ ပြန်လည်တွဲကစားချင်ကြောင်း မကြာသေးခင်ကမှ ပြောကြားထားခဲ့လို့ ကတ်တာလန်မြေမှာ တကျော့ပြန်ခြေချမယ့် အနေအထား ဖြစ်နေပါတယ်။နေမာတစ်ယောက်ဘာစီလိုနာကိုပြန်လာပြီးအောင်မြင်မှုတွေယူနိုင်မလားဆိုတာကတော့ပရိသတ်တွေကလည်း

စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။