G-Fatt ရဲ့ အချစ်တော်လေး နန်းစုတစ်ယောက် Biker မလေးအဖြစ် ဝတ်စုံအပြည့်နဲ့ အပြတ်ကိုလန်းနေတာပဲဖြစ်ပါတယ်။ Lancer ဆိုင်ကယ်ကြီးနဲ့ အပြတ်တွေဂေါ်နေတဲ့ နန်းစုတစ်ယောက် Biker Dress အစုံနဲ့ တကယ်ကိုလိုက်ဖက်လွန်းနေပါတယ်။ တောင်တက်လမ်းမတစ်လျှောက်မှာ အလန်းစား ဆိုင်ကယ် အလန်းစား Biker Dress နဲ့ နန်းစုတစ်ယောက် ဂေါ်နေပုံက အပြတ်အသတ်ကိုကြွေချင်စရာကြီးပါ။ လှပလွန်းတဲ့ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးဟာလည်း Biker Dress လေးနဲ့ လိုက်ဖက်လွန်းနေပါတယ်။

အဆိုတော်မလေးလည်းဖြစ် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့အပြင် အခုတော့ Biker မလေးအထိပါ သူမက လှနေဆဲ လန်းနေဆဲပါပဲ။ G-Fatt နဲ့ အတူလျှောက်လှမ်းနေတဲ့ နှစ်ယောက်သားရဲ့အချစ်ရေးကတော့ လက်ရှိအချိန်ထိ သာယာစိုပြေနေဆဲပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆလေးတွေ အနည်းငယ်ရှိပေမယ့်လည်း အချိန်တန်ပြေလည်သွားကြပြီး ကြည်နူးစရာကောင်းတဲ့ အချစ်ရေးလေးကိုဆက်လက်တည်ဆောက်နေကြတာပဲဖြစ်ပါတယ်။

အချိန်တိုင်းမှာ စွဲဆောင်မှုအပြည့်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကို တိုးဝင်နိုင်သူလေးတစ်ယောက်ပါပဲ။ ဘယ်လိုဝတ်စုံမျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်လွန်းတဲ့ နန်းစုတစ်ယောက် ဒီတစ်ခေါက် Biker Dress လေးနဲ့လည်း အတော်လေးကိုကြည့်ကောင်းလွန်းနေပါတယ်။ သူမရဲ့အမိုက်စားပုံရိပ်တွေကို " အိုက်တင်ကတော့အပြည့်နော် တစက်မှမလျှော့ဘူး " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ Lancer ဆိုင်ကယ်ကြီးနဲ့ Biker မလေး နန်းစုနဲ့အတူ အမိုက်စား Big Bike တွေရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။