မိန်းကလေးတော်တော်များများကတော့ သူတို့ချစ်ရတဲ့ ချစ်သူရည်းစားထံကနေ ဘယ်လိုပုံစံနဲ့ ထက်ထပ်ခွင့်တောင်းခံရမလဲဆိုတာကို တွေးပြီးရင်ခုန်တတ်ကြပါတယ်။

လက်ထပ်ခွင့်တောင်းခံရတဲ့အခါမှာလည်း မိန်းကလေးတွေ ဟာငွေးကြေးအနည်းအများထက် သူတို့ကိုရင်ခုန်စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့ surprise မျိုးနဲ့ လက်ထပ်ခွင့်တောင်းတာကို ပိုလိုချင်ကြပါတယ်။ 

တရုတ်နိုင်ငံကအမျိုးသားတစ်ဦးဟာဆိုရင်လည်း သူရဲ့ချစ်သူကောင်မလေးကို surprise ဖြစ်စေခဲ့ရုံသာမက အွန်လိုင်းသုံးစွဲသူတော်တော်များများကို မနာလိုဖြစ်စေခဲ့တဲ့ လုပ်ရပ်မျိုးနဲ့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

၎င်းအမျိုးသားဟာ ချစ်သူကောင်းမလေးကို သူမရဲ့အသက်စေ့ I phone X ၂၅ လုံးကို အသည်းပုံ ပုံစံလေးပုံဖော်ထားပြီး လက်ဆောင်ပေးကာ surprise လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီ surprise လေးအပြီးမှာတော့ အမျိုးသားဟာ သူသေချာရွေးရွယ်ထားတဲ့ လက်စွပ်လေးကိုထုတ်ပြီး ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာဆိုရင်တော့ ကောင်မလေးဘက်က ဘယ်လိုတုံ့ပြန်လိုက်လဲဆိုတာ ဒီပုံလေးတွေထဲမှာ အထင်းသားမြင်တွေ့နေရပါတယ်။

ဒီမြင်ကွင်းလေးကို မြင်တွေ့နေရတဲ့ မိန်းကလေးတော်တော်များများဟာဆိုရင်လည်း ဒီအမျိုးသမီးကို မနာလိုလိုက်တာ ၊ သူအရမ်းကံကောင်းတာပဲ ဆိုပြီး အားကြနေကြတာတွေ့ရပါတယ်။

ပရိသတ်တွေရော သူတို့အတွဲလေးကိုကြည့်ပြီး လုံးဝအားမကြကြပါဘူးလို့တော့ မပြောသွားကြနဲ့နော်။ 

source _ Joy Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။