Barcelona နည်းပြ Ernesto Valverde ဟာ စပိန်ဖလားပွဲမှာ ဒုတိယအကြိမ် ချန်ပီယံဖြစ်ရန် မျှော်မှန်းနေပါတယ်။ အဲ့ပွဲမှာဆိုရင်တော့ Levante နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာဟာဆိုရင် Laliga မှာ နံပါတ်တစ်နေရာနဲ့ ရပ်တည်နေပြီး အသင်းဟာဆိုရင်လဲ Champion ဖြစ်နေဖို့အတွက် ကြိုးစားလျက်ရှိပါတယ်။ ပွဲတိုင်းမာ နိုင်အောင်ကြိုးကြိုးစားစားကန်နေတဲ့ အတွက်ကြောင့်လဲ ပင်ပန်းနေကြပါပြီး။ 

ထို့နောက်အသင်းနည်းပြဟာ " အသင်းက ကစားသမားတွေဟာ ပုံစံကောင်းကောင်းနဲ့ ကစားနေကြပါတယ်....အဲ့လိုကစားလို့လဲ ကျွန်တော်တို့ အနားယူသင့်နေပါပြီ....ကစားသမားတွေကတော့ အနားယူနေကြပါပြီ....သူတို့လဲ့ အားပြန်ပြည့်ချင်မှာပဲ " လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ " ဇန်နဝါရီလဟာ ကျွန်တော်တို့အတွက် အရမ်းကို ခတ်ခဲတဲ့ လပဲဖြစ်ပါတယ်....ဒါပေမဲ့လဲ့ ကျွန်တော်တို့ဟာ ကြိုးစားပြီး ကန်သွားမှာပါ " ပြောခဲ့ပါသေးတယ်။

" လူတိုင်းကတော့ Semi-final နဲ့ final ပွဲတွေမှာ ကစားတာကိုကျေနပ်ကြပါတယ်....ကျွန်တော်တို့ အဲ့ပွဲမတိုင်ခင်လဲ ပွဲတွေကို နိုင်အောင်ကစားသွားမှာပါ.....ကျွန်တော်တို့ LaLiga မှာနိုင်အောင်ကန်မှာပါ....ဖလားကကျွန်တော်တို့အတွက် ဖြစ်လာတာပါ " လို့ဆက်လက်ပြောကြားခဲ့ပါတယ်။ Valverde ဟာ Lionel Messi နဲ့ Luis Suarez ကိုနောက်လအတွက် အနားယူစေချင်နေပါတယ်။ ဒီနှစ်ကိုတော့ LaLiga ကို Barcelona အနိုင်ရရှိမယ်လို့ မျှော်လင့်ပါတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။