ပရိတ်သတ်ကြီးရေ... သရုပ်ဆောင်လောကထဲမှာ အနုပညာခြေလှမ်းလေးတွေကို ခပ်စိတ်စိတ်နဲ့ ခပ်သွက်သွက်ကလေးလှမ်းပြီး ပရိတ်သတ်တွေရဲ့အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတဲ့ မင်းသမီးလေးကတော့ အိချောပိုပဲဖြစ်ပါတယ်နော်။ အိုက်တင်လည်းအရမ်းကောင်းပြီး သူမရဲ့သဘာဝကျကျသရုပ်ဆောင်ချက်တွေကပရိတ်သတ်တွေကို လုံးဝအကြိုက်တွေ့စေခဲ့ပါတယ်။

ခန္တာကိုယ်အချိုးအစားကလည်း ခပ်ပြည့်ပြည့် တင်းတင်းရင်းရင်းနဲ့ မို့ ကောက်ကြောင်းအလှတွေအထင်းသားပေါ်နေတဲ့ အမိုက်စားခန္တာကိုယ်ပိုင်ရှင်လေးပါပဲ။ မျက်နှာလေးကလည်းအရမ်းကို တည်ငြိမ့်ရင့်ကျက်ပြီး မြင်ရသူရင်ကိုအေးစေတဲ့အလှပိုင်ရှင်လေးဖြစ်တဲ့အတွက် သူမကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေကလည်း မနည်းမနောပါပဲနော်။

ဘယ်လိုနေနေချစ်ဖို့ အရမ်းကောင်းနေတဲ့ အိချောပိုလေးကို အခုတခါမှာတော့ မြှီးကောင်ပေါက်အရွယ်ကလေးမလေးပုံစံလေးနဲ့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဂါဝန်ဖြူဖြူလေးကိုဝတ်ဆင်ထားပြီး နေကာမျက်မှန်အဖြူရောင်လေးကို တပ်ကာအမိုက်စား အိုက်တင်လေးတွေကို ချစ်ဖို့ကောင်းအောင် ပေးနေတဲ့သူမရဲ့ပုံရပ်လေးတွေကို လူမှုစာမျက်နှာပေါ်မှာမျှဝေထားခဲ့ပါတယ်။ကဲ... ပရိတ်သတ်ကြီးရေ.. ငယ်ငယ်တုန်းက ကလေးမလေးလိုပုံစံမျိုးလေးဝတ်ဆင်ပြီး ချစ်ဖို့ကောင်းလွန်းနေတဲ့အိချောပိုရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။