မြန်မာ့လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်တဲ့ အောင်သူကတော့ဒီနှစ်ဘောလုံးရာသီမှာတော့ထိုင်းပရီးမီးယားလိဒ်ကလပ်မြောင်တောင်ယူနိုက်တက်အသင်းမှာပါဝင်ကစားမှာဖြစ်ပါတယ်။မြောင်တောင်ယူနိုက်တက်အသင်းကတော့ထိုင်းပရီးမီးယားလိဒ်ရဲ့ထိပ်သီးအသင်းဖြစ်တာကြောင့် အောင်သူအနေနဲ့တော့ပွဲထွက်ခွင့်တွေအတွက်အကောင်းဆုံးခြေစွမ်းတွေပြပြီးအတွေ့အကြုံတွေယူရတော့မှာဖြစ်ပါတယ်။

အောင်သူကတော့ပြီးခဲ့တဲ့ရာသီတုန်းကထိုင်းပရီးမီးယားလိဒ်ကလပ်Police Tero အသင်းမှာကစားခဲ့ပြီးခြေစွမ်းပြဂိုးတွေသွင်းယူနိုင်တာကြောင့်ထိုင်းပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ရတာပါ။ဒီနှစ်ရာသီအစမှာတော့ အောင်သူ့ကိုထိုင်းကလပ်တွေအပြင်ဂျပန်ကလပ်တွေခေါ်ယူဖို့သတင်းတွေထွက်ခဲ့ပေမယ့်နောက်ဆုံးမှာတော့မြောင်တောင်အသင်းကိုရောက်ခဲ့တာဖြစ်ပါတယ်။အောင်သူကတော့လက်ရှိမှာမြောင်တောင်အသင်းနဲ့တူတူလေ့ကျင့်ခန်းအစီစဉ်တွေမှာပါဝင်နေပါပြီ။ 

ထိုင်းပရီးမီးယားလိဒ်ကတော့ပွဲတိုင်းမှာပရိသတ်အပြည့်နဲ့အာစီယံမှာအအောင်မြင်ဆုံးလိဒ်တစ်ခုပဲဖြစ်ပါတယ်။အဲ့တာကြောင့်အသင်းကြီးတွေတွေ့ဆုံတဲ့ပွဲတိုင်းမှာပရိသတ်ကွင်းလုံးပြည့်နဲ့ အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲဖြစ်နေရတာပါ။အသင်းတိုင်းကလည်းအိမ်ကွင်းတွေရှိတာကြောင့်ပွဲစဉ်တိုင်းဟာအကြိတ်အနယ်နဲ့ပွဲကောင်းတွေဖြစ်နေတာပါ။အောင်သူလက်ရှိကစားမယ့်မြောင်တောင်ယူနိုက်တဲ့ပရိသတ်တွေကလည်းပွဲစဉ်တိုင်းကွင်းလုံးပြည့်စည်းစည်းလုံးလုံးအားပေးတဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

PHOTO:Muangthong United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။