ပြည်တွင်း ပြည်ပခရီးသွားများစွာနဲ့ နေ့စဉ်စည်ကားလျှက်ရှိတဲ့ ရန်ကုန်မြို့ ရွှေတိဂုံစေတီကြီးရဲ့ ကျော်ကြားမှုကတော့ ပရိသတ်အားလုံးလည်း သိမယ်ထင်ပါတယ်။ သမိုင်းဝင်စေတီတစ်ဆူဖြစ်သလို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အထွဋ်အမြတ်ထားရာ စေတီတစ်ဆူလည်းဖြစ်ပါတယ်။ ရွှေတိဂုံစေတီနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကိုတော့ ပြည်တွင်း ပြည်ပလူမျိုးများစွာက စိတ်ဝင်စားလျှက်ရှိပြီး နေ့ညမပျက်စောင့်ကြည့်သူများလည်း ရှိတာတွေ့ရပါတယ်။  

ဒီကနေ့ ဇန်နဝါရီလ ၁၁ရက်နေ့မှာတော့ ရွှေတိဂုံစေတီတော်ပေါ်ရှိ စေတီတစ်ဆူကတော ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်လာတာတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ရွှေတိဂုံစေတီတော်ပေါ်ရှိ မြောက်ဖက် ဓာတ်လှေကားထိပ်တွင် တည်ထားသော စေတီအမှတ် (၂၆) ရဲ့ ငှက်ပျောဖူးအောက်မှ အနီရောင်အစေးများ စီးကျလာ ခြင်းပဲဖြစ်ပါတယ်။  

ထူးထူးဆန်းဆန်းဖြစ်ပေါ်လာတဲ့ အရာဖြစ်ပြီး ခရီးသွားပြည်သူတွေကို အထိပ်တလန့်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိ ဘုရားတာဝန်ရှိသူများကတော့ အဘယ်ကြောင့် ဆိုတဲ့အချက်ကို ရှာဖွေစစ်ဆေးနေပြီး အမြန်ဆုံး ပြုပြင်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ချစ်ပရိသတ်များအတွက် ဒီကနေ့ ဖြစ်ပေါ်ခဲ့တဲ့ ရွှေတိဂုံစေတီပေါ်ကဖြစ်စဉ်ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - ပြည့်သူ့အသံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။