အသက်အငယ်ဆုံးအမျိုးသမီးမီလီယံနာတစ်ဦးဖြစ်လာခဲ့တဲ့ Kylie Jenner ဟာ သူမရဲ့ အနုပညာမော်ဒယ်လ်အလုပ်ကို လုပ်ကိုင်ရင်း တဖက်မှာ သူမရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဖြစ်တဲ့ " Kylie" Cosmetics ကိုထုတ်လုပ်ဖြန့်ချိရာကနေ တစ်နှစ်ကျော်ချိန်အတွင်း အမေရိကန်ဒေါ်လာ( $800 million )ထိ တိုးတက်အောင် စီမန့်ခန့်ခွဲနိုင်ခဲ့သလို သူမရဲ့စုစုပေါင်း ပိုင်ဆိုင်တဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ( $900 million ) ရှိတာကြောင့် သူမ အသက်(၂၀)အရွယ် မှာ အသက်အငယ်ဆုံး အမျိုးသမီး မီလီယံနာအဖြစ် Forbes Magazine ရဲ့ Cover မှာ ဖော်ပြခြင်းခံရသူဖြစ်ပါတယ်။

တဖက်မှာတော့ သူမဟာ အမကြီး အမိအရာတစ်ယောက်၊ သမီးကောင်းတစ်ယောက်ဖြစ်သလို အမေကောင်းတစ်ယောက် ဖြစ်အောင်ပါ ကြိုးစားနေပြီး သူမရဲ့ ချစ်သူ Rapperအဆိုတော် Travis Scott အတွက်လည်း လက်တွဲဖော်မိန်းမကောင်း တစ်ဦးဖြစ်ပါတယ်။ အဆိုတော် Travis Scott နဲ့ ချစ်သူသက်တမ်း (၁) နှစ် ဝန်းကျင်မှာပဲ ပထမဆုံးကလေးယူဖြစ်ခဲ့ပြီး သမီးဦးလေးဖြစ်တဲ့ Stormi ကို (၂၀၁၈)ခုနှစ် မှာ မွေးဖွားခဲ့ပါတယ်။ သမီးလေးကို မွေးဖွားခဲ့ချိန် ပထမဆုံးဓာတ်ပုံကို သူမရဲ့ပရိသတ်တွေအတွက် မျှဝေခဲ့ပေမဲ့လည်း သူမရဲ့ကလေးဟာ ဘော်ဒီဂတ်ဖြစ်သူနဲ့ ရုပ်ချင်းဆင်တူတယ်၊ ဘော်ဒီဂတ်ဖြစ်သူနဲ့ ရတယ်လို့ ဝိုင်းစွပ်စွဲဝေဖန်ခဲ့ကြပြီး အဲ့ဒီအတွက်နဲ့လည်း Kylieဟာသူမရဲ့ သမီးလေးကို ဆိုရှယ်မီဒီယာရဲ့ ခပ်ဝေးဝေးမှာ ခဏထားကာရှောင်နေခဲ့ဖူးပါတယ်။

လက်ရှိမှာ(၁) နှစ်ဝန်းကျင်အရွယ် ရှိပြီဖြစ်တဲ့ သမီးလေး Stormi ဟာ မီလီယံရာချီအောင် ချမ်းသာတဲ့ မေမေ အတွက် နှလုံးသည်းစိုင်လေးဖြစ်သလို တနေ့တခြား အဖေဖြစ်သူ Travis Scott နဲက ရုပ်ချင်းဆင်တူလာပြီး ကိုယ်ဘာသာမလဲအောင် ထိုင်တတ်တဲ့ အရွယ်လေးကိုပါ ရောက်ရှိလို့ လာပြီဖြစ်ပါတယ်။ စကားမပြောတတ်သေးပေမဲ့ လက်ကနေ မြင်ရာတွေ့ရာ တွေ ဆွဲနေတတ်ပြီဖြစ်တဲ့ Stormiလေးဟာ သူမမေမေရဲ့ အကောင်းစားဈေးကြီးတဲ့ LV အမှတ်တံဆိပ်အိတ်တွေကိုမှ ယူဆော့တတ်ပြီး ဈေးကြီးတာကိုမှကြိုက်တတ်ကြောင်း ဗီဇလေးတွေပြနေပြီဖြစ်ပါတယ်။

source: Kylie Jenner 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။