ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ခင်လေးနွယ်ကတော့ အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ ခင်လေးနွယ်ကို ပရိသတ်တွေမြင်တွေ့ကြရမှာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေသိပ်မရှိပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွက်မပြတ်ရှိနေအောင် ပုံလှလှလေးတွေကို ပရိသတ်တွေအတွက် အမြဲတင်ပေးနေကြဖြစ်ပါတယ်။


လတ်တလောမှာတော့ ခရီးတွေထွက်ပြီး Traveler တစ်ယောက်ဖြစ်နေတဲ့ ခင်လေးနွယ်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ကြရမှာဖြစ်ပါတယ်။ ခရီးသွားရတာကို နှစ်သက်ခုံမင်တဲ့ သူမအတွက်ကတော့ ခရီးထွက်နေရရင်ကို သုခဘုံလေးလို ဖြစ်နေသူလေးဖြစ်ပါတယ်။ သူငယ်ချင်းတွေ မိသားစုတွေကို အချိန်ပေးဖြစ်နေတဲ့ ခင်လေးနွယ်က သူငယ်ချင်းတွေနဲ့ စည်းစည်းလုံးလုံးခရီးတွေထွက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။

ယခုလည်း ခင်လေးနွယ်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မပုံ့ရဲ့ ဆိုင်အသစ်ဖွင့်ပွဲလေးအတွက် သူငယ်ချင်းတွေနဲ့ အတူ Group Chat လေးမှာ အသေးစိတ်တိုင်ပင်ရင်းအလုပေ်တွရှုပ်နေတာပဲ ဖြစ်ပါတယ်။ အမြဲစည်းစည်းလုံးလုံးရှိတဲ့ သူငယ်ချင်းတစ်သိုက်ရဲ့ Video Chat ပြောရင်း ခင်လေးနွယ်က Snap ပုံလေးရိုက်ပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာတင်ထားပဲ ဖြစ်ပါတယ်။ ခင်လေးနွယ်က " ၁၃ ရက်နေ့ (တနင်္ဂနွေ )မှာ Ma Pont ရဲ့#Zoey ဆိုင်ဖွင့်ပွဲလေး ပြည်လမ်းက Market Place မှာ ဖွင့်မှာပါရှင့်" ဆိုပြီး သူငယ်ချင်းဖြစ်သူရဲ့ ဆိုင်ဖွင့်ပွဲလေးကို ပရိသတ်တွေအတွက် ကြောငြာပေးခဲ့ပါသေးတယ်။

Source:Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။