ဘာဟုဗလီ ရုပ်ရှုင်ဇာတ်ကားကြီးကတော့ မြန်မာပရိသတ်တွေကြားမှာ အရမ်းရေပန်းစားလူကြိုက်များတဲ့ ရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကြီးထဲက ဇာတ်လမ်းဇာတ်ကွက်တွေ ရိုက်ထူးထားပုံတွေကလည်း ပရိသတ်တွေကို တကယ်စွဲဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။

အိန္ဒီယနိုင်ငံက ကောင်းလေးတစ်ယောက်ဟာဆိုရင်လည်း ဘာဟုဗလီ ရုပ်ရှင်ကားကြီးထဲက မင်းသားဟာ ဆင်ရဲ့နှာမောင်းပေါ် ခုန်တက်တဲ့ အခန်းကို အရမ်းသဘောကြတာကြောင့် အပြင်မှာလိုက်လုပ်ကြည့်ခဲ့ပါတယ်။

သူ့အနေနဲ့ အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ တက်နိုင်ခဲ့မယ်လို့ထင်ခဲ့ပေမယ့် မှန်းချက်နဲ့နှန်းထွက် မကိုက်ခဲ့ပါဘူး။

သူဟာဆင်နဲ့နှာမောင်းပေါ် ခုန်တက်ဖို့ ခုန်လိုက်တဲ့အချိန်မှာပဲ ဆင်ကြီးဟာ သူ့ကိုနှာမောင်းနဲ့တွန်းထုတ်လိုက်တာကြောင့် ဒီအမျိုးသားဟာ အနောက်ကိုလွင့်စင်သွားပြီး ပြုတ်ကျခဲ့ပုံက အခက်မသင့်ရင် ဇက်ကျိုးသွားနိုင်လောက်ပါတယ်။ 

ဒီအမျိုးသားဟာ ဒါကိုဗီဒီယိုရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်ဖို့ကြိုးစားခဲ့ပေမယ့် သူ့ရဲ့အကြံအစဉ်ဟာမအောင်မြင်ဘဲ အသက်ပါသေဆုံးသွားနိုင်တဲ့အခြေအနေနဲ့ ကြုံတွေခဲ့ရတာပဲဖြစ်ပါတယ်။

ဒီဗီဒီယိုကိုမြင်တွေ့လိုက်ရတဲ့သူတွေကတော့ ဒီအမျိုးသားကိုတခါတည်းဇက်ကျိုး ပြီးသေဆုံးသွားပြီးလို့ထင်ကြပေမယ့် တကယ်တော့ သေဆုံးခဲ့ခြင်းမရှိပါဘူး။

ပရိသတ်တွေလည်း ဆယ်လီဖြစ်ချင်တဲ့စိတ်နဲ့ အခုလိုမိုက်ရူးရဲဆန်တဲ့ လုပ်ရပ်တွေကို သင်ခန်းစာယူပြီး လိုက်မလုပ်မိစေဖို့ ဗီဒီယိုလေးကိုပါဖော်ပြပေးလိုက်ရပါတယ်။

source  _ News 12

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။