သဘာဝအလှတရားဆိုတာဟာ လူတွေပြုပြင်ဖန်တီးမှုဆိုတဲ့ အရောင်တွေမပါဘဲ ပင်ကိုယ်အတိုင်းကိုက လှပနေတဲ့အရာမျိုးတွေကိုဆိုလိုတာပါ။ဒါပေမယ့် အချို့အရာတွေကတော့ လူတွေပြုပြင်လိုက်တော့မှ ထူးထူးခြားခြားပိုလှသွားတတ်တာကို တော့ ချွင်းချက်အနေနဲ့တော့ထည့်သွင်းပြောလို့ရတာပေါ့နော်။ကဲ...အဲ့တော့ ဒီတခါမှာ စိတ်ကူးယဉ်ကမ္ဘာထဲမှာသာရှိပြီး လက်တွေ့ ကမ္ဘာမှာတကယ်မရှိဘူးထင်ရတဲ့ သဘာဝအလှတရားတွေ နဲ့ လူတွေပြုပြင်ထားတဲ့အလှတရားတွေပြည့်နှက်နေတဲ့ နေရာလေးတွေအကြောင်းကို အကျဉ်းချုပ်ပြီးဖော်ပြပေးပါမယ်နော်။

(၁) သဘာဝကျောက်နံရံကြီးများ

ပုံမှာမြင်ရတဲ့ ဒီလိုမြင့်မားတဲ့ တောင်နံရံကြီးတွေကတော့ islandတွေကနေဖြစ်ပေါ်လာတဲ့ သဘာဝကျောက်နံရံကြီးတွေပဲဖြစ်ပါတယ်။ တကယ်ကိုထူးထူးခြားခြားဖြစ်နေတဲ့ ကျောက်နံရံကြီးတွေပါ။ ဒါပေမယ့်ဝေးလံခေါင်ဖျားတော့ အလည်အပတ်သွားတဲ့သူတွေအနည်းအကျဉ်းသာ ရှိပါတယ်။

(၂)သက်တံ့ရောင်တောင်တန်းများ

တရုတ်နိုင်ငံ ရဲ့အနောက်ဘက်မှာ ရှိတဲ့ Gãnsù ပြည်နယ်ကတောင်တန်းတွေပါ။ အရမ်းကိုလှပတဲ့ သဘာဝကျောက်မျက်တောင်တန်းတွေလို့လည်းဆိုပါတယ်။မင်မင်းဆက်လက်ထက်ကတည်းကနေ အခြားတိုင်းပြည်တွေရဲ့စိတ်ဝင်စားမှုကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ မဟာတံတိုင်းနဲ့ဒီ သက်တံ့တောင်တန်းတွေကတော့တကယ့်အထင်ကရနေရာတွေပါပဲ။

(၃)မဟူရာတော

ဒီတောကတော့ ဂျာမနီအနောက်တောင်ဘက်ပိုင်း Baden-Württembergပြည်နယ် မှာရှိတဲ့ mossပန်းတွေပွင့်တဲ့တောကြီးပဲဖြစ်ပါတယ်။ဒီတောဟာ မနက်ပိုင်းတွေမှာသာမန်တောတစ်တောဖြစ်ပေမယ့် ညနေစောင်းနဲ့ညဘက်ပိုင်းတွေမှာတော့ တစ်တောလုံးအနုမြူရောင်လင်းလတ်နေတဲ့ ပန်းတွေအပြည့်ပွင့်တောတစ်တောပါတဲ့။

(၄)Mendenhallရေခဲဂူ

အလာစကာပြည်နယ်ရဲ့ ရှေ့တောင်ဘက် Juneauမြို့ကနေ ၁၂မိုင်မှာတည်ရှိတဲ့ ရေခဲဂူပဲဖြစ်ပါတယ်။ပုံမှာမြင်ရတဲ့အတိုင်းပဲ အပြင်မှာလည်း တရုတ်ကားတွေထဲကလို တကယ်ကိုရေခဲငွေ့လေးတွေနဲ့ပြည့်နေတဲ့နေရာလေးပါပဲ။

(၅)ကမ်းခြေနီ Panjin

ဒီနေရာကလည်း တရုတ်နိုင်ငံမှာပဲ ရှိတဲ့ ထူးထူးခြားခြားအလှတွေပြည့်နေတဲ့နေရာလေးပဲဖြစ်ပါတယ်။ Shuangtai Hekou ရဲ့မြစ် တစ်စင်းဖြစ်တဲ့ Liaoheမြစ်စပ်လေးနာမှာရှိတဲ့နေရာလေးပါ။ဧပရယ်လနဲ့မေလတွေမှာတော့ မြစ်ရေထဲမှာပေါက်နေတဲ့ ပင်လယ်မျှောလေးတွေဟာ အနီရောင်လေးသန်းပြီးတော့ အခုလိုပုံထဲအတိုင်းလေးကိုသဘာဝအတိုင်းကိုလှပနေပါတယ်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။