ပရိတ်သတ်ကြီးရေ ... အခုတလောမှာနာမည်ကြီးလာတဲ့ MRTV-4ရဲ့ မင်းသားချောလေး ကောင်းမြတ်စံကိုပရိတ်သတ်ကြီးသိပြီးသားနေမှာပါနော်။ "The sign of Love"ဇာတ်လမ်းတွဲလေးနဲ့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်နော်။ အထူးသဖြင့်နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုကို အများဆုံးရရှိထားသူလေးပါပဲ။

အဓိကကတော့သူရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ပါးချိုင့်လေးကြောင့် မိန်းကလေးပရိတ်သတ်တွေအချစ်ပိုနေရခြင်းပဲဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေရဲ့လက်ခုပ်သံတွေကို သိမ်းပိုက်သွားခဲ့တဲ့ ကောင်းမြတ်စံတစ်ယောက်ကတော့ အခုနောက်ပိုင်းမှာ အနုပညာခြေလှမ်းတွေစိပ်လာပြီး မဂ္ဂဇင်းတွေ၊ ဓာတ်ပုံလေးတွေကို ဆက်တိုက်ရိုက်ကူးလာခဲ့ပါတယ်။

သူဟာ အမြဲတမ်းလိုလို သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုပရိတ်သတ်တွေထံမျှဝေလေ့ရှိပါတယ်။ အခုလည်း သူဟာ နာမည်ကြီး မင်းသားတစ်ယောက် ပြီးတော့ ယောက်ျားလေးတစ်ယောက်ဖြစ်နေပေမယ့် ကိုယ်တိုင်ချက်နေပြုတ်နေ လှီးနေချွတ်နေတဲ့ပုံရိပ်လေးတွေကိုမျှဝေခဲ့ပါတယ်။ ပြီးတော့"ပရိတ်သတ်တွေအတွက် စားဖိုဆောင်မှူးလေးဖြစ်ပါရစေ" ဆိုတဲ့captionလေးနဲ့ အတူဒီpostလေးတွေကိုတင်ခဲ့တာပဲဖြစ်ပါတယ်။ ကဲ...ပရိတ်သတ်ကြီးရေ ပါးချိုင့်လေးနဲ့အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကောင်းမြတ်စံတစ်ယောက်ချက်နေပြုတ်နေတဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Kaung Myat San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။