နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ မခိုင်လေးကို ချစ်ပရိသတ်ကြီးအနေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ မြန်မာဗီဒီယိုလောက စတင်ပေါ်ပေါက်ကတည်းက သရုပ်ဆောင်ကောင်းခဲ့တာကြောင့်လူကြိုက်များသောမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီး အခုထိတိုင်အောင်မြင်ကျော်ကြားနေဆဲဖြစ်ပါတယ်။ အကယ်ဒမီဆုရမင်းသမီး တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ကားကြီး ဇတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်ပြီပြင်အောင်ပါဝင်ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးတို့ ရှုမြင်ခံစားခဲ့ကြပြီးပြီဖြစ်မှာပါ။

မင်းသမီးခိုင်သင်းကြည်ဟာဆိုရင် အနုပညာလောက မှာအောင်မြင်စွာလျှောက်လှမ်းနေရုံသာမက ကိုယ်ပိုင်မိသားစုဘဝလေးကိုလည်း မိခင်ကောင်း၊ဇနီးကောင်းပီပီ ရှေ့ဆောင်လမ်းပြဦးဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး နည်းစနစ်ကျကျနဲ့ လိုလေသေးမရှိ ပြုစုပျိုးထောင်နေတာကိုပရိသတ်တို့အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သမီးလေးဟာဆိုရင်လည်း အမေတူသမီးဖြစ်တဲ့အတွက်ကြောင့် ပွင့်လင်းသဘောကောင်းတဲ့ စိတ်ထားလေးက မျက်နှာအသွင်အပြင်မှာထင်ဟပ်နေတာပဲဖြစ်ပါတယ်။ အမေဖြစ်တဲ့ ခိုင်သင်းကြည် ကလည်း သမီးလေးနဲ့ ညီအမလို့ထင်ရအောင် နုပျိုလန်းဆန်းနေတာဟာ သာယာအေးချမ်းတဲ့ မိသားစုကိုပိုင်ဆိုင်ထားတာဖြစ်ကြောင်းသက်သေပြနေတာပဲဖြစ်ပါတယ်။ 

အခုတစ်ခါမှာဆိုရင်လည်း သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်နဲ့ အတူ ရုပ်ရှင်မင်းသား ခန့်စည်သူပါဝင်ရိုက်ကူးထားတဲ့ "သရဲသင်္ဘော" ရုပ်ရှင်ဇာတ်ကားရဲ့ Press Show ပွဲကို ပျော်ရွှင်စွာတက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် ဖော်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားခန့်စည်သူနဲ့ အတူ အခြားအနုပညာရှင်ပေါင်းများစွာလည်း စည်းစည်းလုံးလုံးနဲ့ တက်ရောက်ခဲ့တာဖြစ်ပြီးစည်ကားသိုက်မြိုက်တဲ့ Press Show ပွဲကြီးဖြစ်ခဲ့ပါတယ်။ မင်းသမီးခိုင်သင်းကြည်နဲ့အတူ ပရိသတ်တို့အတူတကွ ဓာတ်ပုံတွေက လည်း မြင်တွေ့ရတဲ့ သူရဲ့ရင်ကို အေးမျှစေတာအမှန်ပဲဖြစ်ပါတယ်။ ၁၈.၁.၁၉ နေ့မှာစတင်ပြသမဲ့ မြန်မာ horror movies တစ်ခုဖြစ်တဲ့ "သရဲသင်္ဘော" ရုပ်ရှင်ဇာတ်ကားကြီးကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့တဲ့ ခိုင်သင်းကြည်ရဲ့ ချစ်စဖွယ်ပုံရိပ်တွေကို ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

source Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။