ပရိတ်သတ်ကြီးရေ...အဆိုတော်လောကထဲမှာ ချစ်ဖို့ကောင်းတဲ့ popအဆိုရှင်ကောင်မလေးနှစ်ယောက်ဖြစ်တဲ့ ရတနာမိုင်နဲ့ ပိုပိုတို့ကိုမသိတဲ့သူမရှိပါဘူးနော်။ လူငယ်အဆိုရှင်နှစ်ယောက်ဖြစ်ပေမယ့် အခုအချိန်မှာတော့ သူမတို့ဟာ ပရိတ်သတ်တွေကြားထဲမှာ အရမ်းရေပန်းစားပြီး ဒိတ်ဒိတ်ကြဲအောင်မြင်နေကြတဲ့ အနုပညာရှင်လေးတွေပါ။

နှစ်ယောက်စလုံးဟာ ချစ်ဖို့အရမ်းကောင်းလွန်းတဲ့အပြင် သီဆိုမှုပုံစံလေးတွေကလည်း ဆန်းသစ်တဲ့အတွက် ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေဟာ ဒီအဆိုရှင်မလေးနှစ်ဦး အတွက်ဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ ဆက်တိုက်လုပ်လာနေကြပါတယ်။ ဓာတ်ပုံတွေ ကြော်ငြာတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေသလို သီချင်းအသစ်အသစ်တွေအတွက်လည်းပြင်ဆင်လျက်ရှိပါတယ်။

မကြာခင်ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ city FM ရဲ့ ၁၇နှစ်ပြည့် အထိမ်းအမှတ်ပွဲလေးကို တက်ရောက်ခဲ့တဲ့ ရတနာမိုင်နဲ့ပိုပိုဟာ ပရိတ်သတ်တွေအသည်းယားရလောက်တဲ့ပုံရိပ်လေးတွေကို ချစ်ဖို့ကောင်းအောင် ရိုက်ခဲ့ပါတယ်။တစ်ယောက်နဲ့တစ်ယောက်အနမ်းလေးပေးခါနီးပုံစံလေးနဲ့ ပိုစ့်လေးပေးကာ ပရိတ်သတ်တွေကို အသည်းယားစေခဲ့ပါတယ်။ကဲ... ပရိတ်သတ်ကြီးရေ... ချစ်ဖို့ကောင်းတဲ့ ဘာဘီမလေးနှစ်ယောက်ပွဲတက်လာခဲ့တဲ့ ပုံရိပ်လေးတွေကိုပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yadanar My, Po Po

Photo crd: AROMA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။