ပရိတ်သတ်ကြီးရေ...ဇာတ်ကြမ်းကားကြီးတွေကို နှစ်ခြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် အမိုက်စားရိုက်ချက်တွေနဲ့ နောက်ထပ်ဇာတ်ကြမ်းတစ်ကားဟာ ဒီနှစ် အစမှာပဲပရိတ်သတ်တွေရှေ့ကိုအရောက်လာတော့မှာပါ။ ဒီဇာတ်ကားကြီးကတော့ မထွက်ခင်ကတည်းက အရမ်းနာမည်ကြီးနေခဲ့တဲ့ လေးပါးကျော့ရှိန်ဝရဇိန် ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဒါရိုက်တာ သားညီပုံဖော်ရိုက်ကူးထားတဲ့ နောက်ထပ်ဇာတ်ကားကြီးဖြစ်ပြီးတော့ မင်းသွေး၊မင်းမော်ကွန်း၊နေမင်း၊ထွန်းထွန်း၊စည်ဖြိုး၊ပိုင်ဖြိုးသု၊ရွှေသမီး၊သံသာမိုးသိမ့် စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာနဲ့အတူဒီဇာတ်ကားကိုပုံဖော်ထားပါတယ်။ဒီဇာတ်ကားကို ပရိတ်သတ် တွေအရမ်းသွားချင်နေတဲ့ ဂေါ်ရမ်ဂျီကျွန်းမှာ အခြေတည်ရိုက်ကူးထားပါတယ်။

ဒါပေမယ့်ဒီ ဇာတ်ကားTrailerထွက်ထွက်ချင်းမှာပဲ ပရိတ်သတ်တွေမျက်ရည်ကျခဲ့ရပါတယ်။ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ မင်းသွေးဟာ ဒီဇာတ်ကားရဲ့Trailerလေးတောင်မကြည့်လိုက်ရဘဲ လူ့လောကနေထွက်ခွာသွားခဲ့ရပါတယ်။ သူ့ရဲ့ဇာတ်ကားတွေကတော့ ဒီလပိုင်းအတွင်းမှာ ဆက်တိုက်နီးပါရုံတင်ရက်တွေဆက်နေခဲ့ပါတယ်နော်။ဒီဇာတ်ကားဟာ ဒီဇန်နဝါရီ 25ရက်နေ့မှာရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ကဲ...ဇာတ်ကားမထွက်ခင်တော့ပရိတ်သတ်ကြီးအတွက် ရသေ့စိတ်ဖြေကြည့်လို့ရအောင် official trailerလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : လေးပါးကျော့ရှိန် ဝရဇိန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။