ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်၊ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဒီဇိုင်နာ မပုံ့ရဲ့ "Zoey" ဆိုင်ဖွင့်ပွဲလေးကို နယ်ပယ်အသီးသီးက အနုပညာရှင်များစွာက တက်ရောက်အားပေးခဲ့ကြပါတယ်။ လတ်တလောမှာ ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ မပုံ့ရဲ့ Zoey အိတ်လေးတွေနဲ့ Ready to wear အမိုက်စားဖက်ရှင်တွေကို ပွဲတက်လာတဲ့ အနုပညာရှင်တွေရဲ့ဖက်ရှင်တွေက ဝတ်ဆင်ပြီး ပွဲတက်လာခဲ့ကြတာ ဖြစ်ပါတယ်။

မပုံ့ရဲ့ " Zoey Grand Opening " ပွဲလေးမှာတော့ မော်ဒယ်လောကမှာ နာမည်ကြီးအောင်မြင်နေတဲ့ အမိုက်စားမော်ဒယ်လေးတွေက ဝတ်စုံလေးတွေကို ဝတ်ဆင်ပြီး ရှိုးလျှောက်ပြခဲ့ကြပါတယ်။ ဒီပွဲလေးကို သက်မွန်မြင့်၊ အိချောပို၊ ယုသန္တာတင်၊ ခင်လေးနွယ်၊ စန္ဒီမြင့်လွင်စတဲ့ အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချောလေးများကလည်း လာရောက်အားပေးခဲ့ကြသလို နာမည်ကြီးအဆိုတော်တွေကလည်း ပါဝင်ဖျော်ဖြေပေးခဲ့ကြပါတယ်။

မင်းသမီးချောလေးတွေရဲ့ ပွဲတက်ဖက်ရှင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ အရောင်ဒီဇိုင်းတစ်မျိုးစီနဲ့ အပြတ်အသတ်ကို လှနေခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေးတွေကတော့ ချစ်စရာကောင်းတဲ့ ဝတ်စုံလေးတွေနဲ့ မြင်သူတကာငေးရလောက်အောင် အထာကျကျ လန်းနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မပုံ့ရဲ့ " Zoey" ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aye Zaw Moe;

photo:credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။