မန်ယူအသင်းသည် လာမည့်ဘောလုံးရာသီတွင် အသင်းနည်းပြသစ်ခန့်အပ်ရန် အက်သလက်တီကိုနည်းပြ ဆီမြွန်နီကို ချိတ်ဆက်မှုပြုလုပ်ခဲ့သည်ဟု The Sun သတင်းစာက ဖော်ပြခဲ့ကြေင်းသိရသည်။ မန်ယူအသင်းသည် လက်ရှိယာယီနည်းပြဆိုးရှားလက်ထက်တွင် ရလာဒ်ကောင်းများ ရယူထားနိုင်သော်လည်း လာမည့်ရာသီတွင် နည်းပြသစ်တစ်ဦးကို မဖြစ်မနေခေါ်ယူသွားရန် ပြင်ဆင်လျက်ရှိသည်။ စပါးအသင်းနည်းပြ ပိုချက်တီနိုကိုစိတ်ဝင်စားနေသော်လည်း စပါးအသင်းကနည်းပြပိုချက်တီနိုကို လက်လွတ်ခံမည် မဟုတ်သကဲ့သို့ ၎င်းကိုခေါ်ယူလိုပါက မန်ယူအသင်းအနေဖြင့်စတာလင်သန်းပေါင်း ၅၀ အထိ ကုန်ကျဖွယ်ရှိနေသည်။ 

ထို့ကြောင့် နည်းပြပိုချက်တီနိုကိုခေါ်ယူမည့် အစီအစဉ်အား မန်ယူအသင်းက လက်လျော့လိုက်ပြီ ဖြစ်ပြီး နည်းပြ ဆီမြွန်နီကိုသာ ဦးစားပေးနည်းပြအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ နည်းပြဆီမြွန်နီသည် အက်သလက်တီကိုအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်း ၁၈ လသာကျန်ရှိတော့သည့် အခြေအနေဖြစ်နေပြီး အက်သလက် တီကိုအသင်းက ၎င်းကို စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုပြုလုပ်နေသည်။ သို့သော်နည်းပြ နီမြွန်နီသည် အက်သလက်တီကိုအသင်းမှ ထွက်ခွာတော့မည်ဟု ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွေ့ကာလကပြောကြားခဲ့သူဖြစ်ပြီး ကစားသမားဘဝတွင်ကျင်လည်ခဲ့ဖူးသည့် အင်တာမီလန်အသင်းနည်းပြတာဝန်ကို ထမ်းဆောင်ရန် စိတ်ဝင်စားနေသည်ဟု ပြောကြားခဲ့သည်။  

အသက် ၄၈ နှစ်ရှိ နည်းပြဆီမြွန်နီသည် အက်သလက်တီကိုအသင်းနည်းပြအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက တာဝန်ယူခဲ့သူဖြစ်ပြီး အသင်းအတွက်လာလီဂါချန်ပီယံဆုဖလားတစ်ကြိမ် ၊ ယူရိုပါလိဂ်ချန်ပီယံ ဆုဖလားနှစ်ကြိမ်၊ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲစဉ် သို့နှစ်ကြိမ်တိတိရောက်ရှိအာင် ဦးဆောင်ပေးထားသူ ဖြစ်သည်။ သို့သော်၎င်းကို ဥရောပအသင်းကြီးများက အလိုရှိခဲ့ကြသော်လည်း အက်သလက်တီကိုအသင်းတွင်သာ ဆက်လက်တာဝန်ယူသွားရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ ထို့အပြင်အက်သလက်တီကိုအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုကို စိတ်ဝင်စားမှုမရှိတော့သည့်အတွက် နည်းပြဆီမြွန်နီ အနေဖြင့် လာနည့်နွေရာသီတွင် အသင်းနှင့်လမ်းခွဲဖွယ်ရှိကြောင်း သိရသည်။

Source - Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။