လာမယ့် သောကြာနေ့ 18.1.2019 မှာ ရုံတင်ပြသတော့မယ့် " သရဲသင်္ဘော " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ထိတ်လန့်ဖွယ်ဟာသဇာတ်လမ်း တစ်ခုလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကြောက်ရင်းရယ်နေရမယ့် ဇာတ်ကားဖြစ်လို့ ပရိသတ်တွေကို ရသနှစ်မျိုးပေးမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ အနုပညာရှင်တွေ တော်တော်များများပါဝင်ထားပြီး တကယ့်ကိုမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရယ်နေရမယ့် ဇာတ်ကားလေးလည်းဖြစ်လို့ ပိတ်ရက်လေးမှာ ဘဝအမောတွေပြေအောင် သွားကြည့်လိုက်ပါဦးနော်။

ဒီဇာတ်ကားရိုက်ကူးစဉ်က ဆုဆုတစ်ယောက် မျက်ကပ်မှန်ကိုမဖြုတ်တမ်းတပ်မိတာကြောင့် မျက်လုံးယောင်ပြီး ဆေးခန်းသွားပြဖို့တောင် အချိန်မရှိခဲ့ဘူးလို့ဆိုပါတယ်။ ကြောက်တဲ့ဇာတ်ဝင်ခန်းတွေမှာဆိုရင်လည်း သူရိယတစ်ယောက် ဆုဆုကိုပဲ ပြေးပြေးပြီးဖက်နေရတယ်လို့ဆိုပါတယ်။ နှစ်ယောက်သားက ဒီဇာတ်ကားမရိုက်ကူးခင် Facebook မှာကတည်းက သိကျွမ်းနေတာဖြစ်ပြီး ဒီဇာတ်ကားရိုက်ကူးတဲ့အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီး နီးစပ်သွားပြီး ဇာတ်ကားအပြီးမှာချစ်သူတွေဖြစ်သွားခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာပါဝင်သူတစ်ယောက်ဖြစ်တဲ့ ဟာသ သရုပ်ဆောင်ငြိမ်းချမ်းတစ်ယောက် သူရိယက ဆုဆုကို ဖက်တော့မယ့်အချိန်တွေဆိုရင် သူရိယရဲ့တင်ပါးကို ကိုင်ပြီး စနောက်တယ်လို့ဆိုပါတယ်။ " ဒီဇာတ်ကားပြီးရင်တော့ မင်းတို့နှစ်ယောက်ညားတော့မယ် " ဆိုပြီးတောင် စနောက်ခဲ့တယ်လို့ဆိုပါတယ်။ ဇာတ်ကားရိုက်ကူးနေစဉ်အတွင်းမှာလည်း ထင်မှတ်မထားတာတွေ ထ လုပ်ကြတာမို့ ရယ်ချင်စိတ်ကို မနည်းကို ထိန်းပြီး သရုပ်ဆောင်ခဲ့ကြရတယ်လို့ဆိုပါတယ်။ ရုံတင်တဲ့အခါမှာလည်း ပရိသတ်တွေကို ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်ကားလေးမို့ မဖြစ်မနေလာကြည့်ဖို့လည်း နှစ်ယောက်သားက ဖိတ်ခေါ်ခဲ့ပါသေးတယ်။

Exclusively on Myanmarload

Photo - Thuriya & Hsu Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။