ပရိသတ်ကြီးရေ beauty blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်။ သူမက အခုဆိုရင် အနုပညာအလုပ်တွေကိုသာမက ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုပါတည်ထောင်ထားတဲ့ ဆယ်ကျော်သက် စွယ်စုံရ မိန်းကလေးတစ်ဦးဖြစ်နေပါပြီ။ မျက်နှာထားလေးက ချစ်ဖို့ကောင်းပြီး ပွင့်လင်းသဘောကောင်းတဲ့အတွက်ကြောင့် ပရိသတ်အများအပြားဆီက ချစ်ခင်မှုတွေရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၀မှာ အသစ်ထွက်ရှိမဲ့ ခရီးသွားကောက်ကြောင်း documentary ဇာတ်ကားကြီးကို ပြင်ဆင်ရိုက်ကူးနေတာဖြစ်ပါတယ်။ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ် တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတာဖြစ်ပြီး သရုပ်ဆောင်အမူအရာပီပြင်လွန်းတဲ့ အတွက်ကြောင့် ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။ သူမဟာဆိုရင် အလှအပဝါသနာပါတဲ့ လူငယ်တွေကို မြေတောင်မြှောက်ပေးတဲ့ အနေနဲ့ အလုပ်ကိုင်အခွင့်လမ်းတွေကို သူကိုယ်တိုင် ဦးစီးဦးဆောင်ပြီး ခေါ်ယူလာတာကို ဝမ်းသာဂုဏ်ယူဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ 

သူမရဲ့ product တစ်ခုဖြစ်တဲ့ your social media bff 2019 planner စာအုပ်ဆိုရင်လည်း မိန်းကလေးပရိသတ်တွမှာယူအားပေးရုံတင်မက လူငယ်ယောကျာ်းလေးပရိသတ်တွေကပါ မှာယူအားပေးတဲ့အတွက်ကြောင့် တစ်ကယ့်ကို အောင်မြင်တဲ့ စာအုပ်လို့ပြောရမှာဖြစ်ပါတယ်။ ပရိသတ်များက ချီချီလို့ချစ်စနိုးနဲ့ ခေါ်ကြတဲ့ နေခြည်ဦးတစ်ယောက်ကတော့ သူမရဲ့ အလှပုံရိပ်တွေနဲ့တကွ တစ်နေ့တာလုပ်ရှားမှုတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာနဲ့ My day ပေါ်တွင် အများဆုံးဖော်ပြလေ့ရှိတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ အသက် ၂၇နှစ်ပြည့်ဖို့ ၁၀ရက်သာလိုကြောင်းကို သူမရဲ့ your social bff စာအုပ်လေးကိုကိုင်ပြီး ရေးသားဖော်ပြထားတာကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။