အောင်မြင်တဲ့ တိုင်းရင်းသူ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်လ် ခင်လေးနွယ်ကတော့ ပရိသတ်တွေ အထူးပြောစရာမလိုအောင် ရင်းနှီးပြီးသား အချစ်တော်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာလောကမှာ (၁၀)စုနှစ်မကတဲ့ အနုပညာသက်တမ်းနဲ့ အတူ ယနေ့တိုင် အနုပညာလောကမှာ ကျင်လည်နေဆဲဖြစ်တဲ့ သူမကတော့ တက်သစ်စ မော်ဒယ်လ်၊မင်းသမီးတွေနဲ့ တန်းတူ နုပျိုလှပနေဆဲ ဖြစ်ပါတယ်။

ခင်လေးကတော့သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကိုလူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။သူမဟာ မကြာခင်ရက်ပိုင်းကမှ သူငယ်ချင်းတွေနဲ့ ခရီးတွေဆက်တိုက် ထွက်ပြီးပြန်ရောက်လာတာပဲဖြစ်ပါတယ်။လတ်တလောမှာတော့ မြင်နေကျ ဖက်ရှင်တွေနဲ့ ကွဲပြားခြားနားစွာ လှနေတဲ့ အလန်းစားဖက်ရှင်နဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာလည်း ဆွဲဆောင်မှုရှိရှိနဲ့ လှနေတာဖြစ်ပြီး ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

ခင်လေးကတော့ အမြဲတမ်းနုပျိုပြီး အခုချိန်ထိကို လှသွေးကြွယ်ကာ ချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။။အမြဲအပြုံးလေးတွေနဲ့ ချစ်စရာကောင်းပြီး အလှကြီးလှနေတဲ့ ခင်လေးရဲ့ အမှတ်တရပုံရိပ်လေးတွေကလည်း ပရိတ်သတ်တွေရဲ့ အချစ်ကိုပိုစေခဲ့တာအမှန်ပဲဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် ခင်လေးရဲ့ ဖက်ရှင်အလန်းစားနဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Khin Lay Nwe

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။