တချို့သော လူသားတွေကို ကြည့်လိုက်ရင် မွေးကတည်းက ပါလာတဲ့ အမှတ်ဆိုတာ၇ျိပြီး ထိုအမှတ်တွေဟာ သေတဲ့အထိ မပျောက်ပျက်သွားပါဘူး ။ တရုတ်နိုင်ငံက မိန်းကလေးတစ်ယောက်ကတော့ သူမရဲ့ မွေးရာပါ အမှတ်အသားကြောင့် အသက်အန္တရာယ်ကို ထိခိုက်လာတဲ့အတွက် ခွဲစိတ်မှုတစ်ခုကိုခံယူခဲ့ရပါတယ်။ ဒါကတော့ သူမရဲ့ မျက်နှာထဲကို ကြက်ဥအရွယ်အစားရှိတဲ့ ဘောလုံး လုံးကို ထည့်သွင်းပြီး ခွဲစိတ်ကုသမှုလုပ်ခဲ့ရတာပါ။ 

အသက် ၂၃ နှစ်အရွယ် ဆီအိုရမ်းလို့ အမည်ရတဲ့ မိန်းကလေးငယ်ရဲ့ မျက်မှာမှာ မွေးရာပါလာတဲ့ အမဲရောင်အမှတ်အသားကွက်က မျက်နှာပြင်တစ်ခုလုံးမှာ ကြီးကြီးမားမားဖုံးကွယ်နေပြီးတော့ ဒါဟာ တကယ့်ကို ရှားပါးတဲ့မျိုးရိုးဗီဇလက္ခဏာတစ်ခုလို့လည်း ဆရာဝန်တွေက ဆိုထားပါတယ်။ တစ်ရာခိုင် နှုန်းလောက်သာ ဖြစ်နိုင်ချေရှိတဲ့ ဒီရောဂါလက္ခဏာကြောင့် သူမရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ကို ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေထိ ဖြစ်ပေါ်လာခဲ့ပါတယ်။ မွေးရာပါအမှတ်အသားကနေ အကျိတ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီးတော့ ဆိုးဆိုးရွားရွားနာကျင်မှု ရောဂါ တစ်ခုကို ခံစားရမှာဖြစ်တာကြောင့် ဒါကို ကာကွယ်နိုင်ဖို့ ဆရာဝန်တွေက သူမအတွက် ကုသမှုကုထုံး တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ 

အမဲရောင်အမှတ်ဖြစ်ပေါ်နေတဲ့ မျက်နှာပြင်ထဲ ကြက်ဥအရွယ်အစား ဘောလုံးလေးလုံးကို ထည့်သွင်းပြီးတော့ မျက်နှာပြင်ကို ပိုမိုကြီးမားကျယ်ပြန့်အောင် ပြုလုပ်ပြီးမှ အဆိုပါ မျက်နှာအမှတ်အသားကို ဖယ်ရှားပစ်ဖို့ ရနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီ့အတွက်ကြောင့် လူနာရှင်မိန်းကလေးနဲ့ မိခင်တွေက သဘောတူညီခဲ့ပြီးတော့ မွေးရာပါမှဲ့အမှတ် အသားဖယ်ရှားမှုကုထုံးကို စတင်ကုသမှုခံယူခဲ့ပါတယ်။ သူမရဲ့မျက်နှာထဲ ဘောလုံးထိုးထည့်ကာ အရေပြားကို ဆန့်စေခဲ့ပြီး အမှတ်အသားကို ဖယ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။

Source : Latest Newsreleaser

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။