ပြီးခဲ့တဲ့စနေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ဝက်ဟမ်းအသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲမှာဝက်ဟမ်းအသင်းအိမ်ကွင်းမှာ(၁-ဝ)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာတော့အာဆင်နယ်အသင်းကအဓိကကစားသမားတွေနဲ့ပွဲထုတ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာပါ။ဒီပွဲအရှုံးကြောင့်အာဆင်နယ်အသင်းဟာ၄၁မှတ်နဲ့အဆင့်၄နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်ဟာချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဆိုနောက်ပွဲတွေကိုလုံးဝအမှားခံလို့မရတော့ဘူးဖြစ်ပါတယ်။မန်ယူအသင်းကလည်း၄၁မှတ်နဲ့ရမှတ်တူဂိုးကွာခြားချက်ကြောင့်အဆင့်၅နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ဝက်ဟမ်းအသင်းကိုရှုံးနိမ့်ခဲ့တဲ့အပြီးမှာတော့ဝေဖန်မှုတွေရှိခဲ့ပါတယ်။အာဆင်နယ်အသင်းကွင်းလယ်လူဂွမ်ဒေါင်ဇီကတော့အဆိုးရွားဆုံးဝေဖန်မှုကိုခံခဲ့ရတာပါ။

အာဆင်နယ်ကစားသမားဂွမ်ဒေါင်ဇီကိုတော့ နာမည်ကြီးအပြာမင်းသမီး မီယာကယ်လီဖာက တွစ်တာမှာ အပြစ်တင်ရေးသားခဲ့တာဖြစ်ပါတယ်။ မီယာကယ်လီဖာကသူမရဲ့ ကိုယ်ပိုင်တွစ်တာအကောင့်မှာ "ဂွမ်ဒိုဇီကွင်းထဲမှာ လဲကျတဲ့ အကြိမ်အရေအတွက်ဟာ သူမ ၂၀၁၄ ခုနှစ်မှာ အပြာကားရိုက်ခဲ့တဲ့ အရေအတွက်ထက် ပိုများနေတယ်လို့" ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ ၁၉ နှစ်သား ပြင်သစ် ကစားသမားလေးဟာ ခြေစွမ်းကျဆင်းနေတာကြောင့် ပရိသတ်တွေကအပြင်းအထန်ဝေဖန်လှောင်ပြောင်နေကြပါတယ်။သူ့ရဲ့ဆံပင်ပုံစံဟာလည်း လှောင်ပြောင်ခံရတဲ့ အချက်တချက်ဖြစ်လာတာကြောင့် ဂွမ်ဒိုဇီအနေနဲ့ စိတ်ပျက်နေတယ်လို့ သိရပါတယ်။

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။