ယောကျာၤးလေးတွေ အနေနဲ့ ကိုယ်ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ပြုမူစော်ကားတာမျိုးက လုံးဝမလုပ်သင့်တာအရာတစ်ခုပါပဲ။

စကားလုံးတွေနဲ့ ဖြေရှင်းလို့ရတဲ့အရာတစ်ခုကို လက်ပါပြီး ဖြေရှင်းလိုက်မယ်ဆိုရင်တော့ ချစ်သူနှစ်ဦးကြားက ပြသနာတွေက မပြေလည်တော့ဘဲ ပိုမိုပြီးပြင်းထန်သွားတတ်ကြပါတယ်။  

ပြီးခဲ့တဲ့ရက်ပိုင်းလေးတုန်းကဆိုရင်လည်း မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကောင်းလေးရဲ့ ကိုယ်ထိလက်ရောက်စော်ကားမှုတစ်ခုကြောင့် သွားသုံးချောင်းကျွတ်သွားခဲ့တဲ့ ဖြစ်ရပ်လေးတခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံံလာခဲ့ပါတယ်။

ဒီအမျိုးသမီးလေး အခုလို နှိပ်စက်ရတဲ့အကြောင်းရင်းလေးကတော့ ဖေ့ဘွတ်က profile picture ကိုချိန်းမိလိုက်လို့ပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ကိုယ်ပိုင် လူမှုကွန်ယက်စာမျက်နှာမှာ ကိုယ်ချိန်းချင်တဲ့ပုံချိန်းခွင့်ရှိပေမယ့် သဝန်တိုလွန်းတဲ့ချစ်သူကောင်းလေးကတော့ တယောက်ထဲပုံချိန်းရမလားဆိုပြီး သူမကို အခုလိုသွားသုံးချောင်းကျွတ်သွားအောင် ရိုက်နှက်ခဲ့တာပဲဖြစ်ပါတယ်။  

ဘယ်လောက်ချစ်ကြတဲ့ချစ်သူရည်းစားတွေပဲဖြစ်ဖြစ် ၊ လက်ထပ်ယူထားကြတဲ့လင်မယားတွေမှာတောင် ကိုယ်ထိလက်ရောက်စော်ကားလို့ရှိရင် အကြမ်းဖက်မှုအဖြစ်သတ်မှတ်လို့ရနေတဲ့ ခေတ်ကာလမှာ အခုလိုလုပ်ရပ်မျိုးကတော့ မပြုလုပ်သင့်ပါဘူး။

အခုလို ဘာမဟုတ်တဲ့အကြောင်းပြချက်လေးနဲ့ ချစ်သူကောင်မလေးကို သွားသုံးချောင်းကျွတ်အောင်ထိ နှိပ်စက်ခဲ့တဲ့ အမျိုးသားကိုလည်း သက်ဆိုင်ရာက ထောာင်ဒဏ် ၃၆ လချမှတ်လိုက်တယ်ဆိုပေမယ့်လည်း အားနွဲ့တဲ့မိန်းကလေးတစ်ယောက်ကို အင်အားသုံးပြီး နှိပ်စက်ခဲ့တဲ့ ဒီအမျိုးသားကိုတော့ လူအများကြ ပြစ်တင်ရှုံ့ချနေကြပါတယ်။ 

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။