ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ရွှေမြန်မာနိုင်ငံကိုကိုယ်စားပြုထားတဲ့ ရွှေအလှမယ်လေးပဲဖြစ်ပါတယ်။အိမ်စည်က အသက်လေး၂၀လောက်သာ ရှိသေးပေမယ့်လည်း လုံးဝ confidence ရှိရှိနဲ့ လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ပရိတ်သတ်တွေအများဆုံး အားပေးချစ်ခင်ကြတဲ့ Missတစ်ယောက်လည်းဖြစ်တဲ့အပြင် ပရိတ်သတ်ရဲ့ချစ်ခင်မှု့တွေကြောင့် အရာရရာကိုရင်ဆိုရင်ရဲ့ ခေါင်းမော့ရင်ကော့နေနိုင်သူလေးဖြစ်ပါတယ်။အိမ်စည်က အပြစ်မပြောစရာမရှိတဲ့ ခန္ဓာအချိုးအစားကိုပိုင်ဆိုင်ထားပြီး ချစ်စဖွယ်မျက်နှာလေးမှာ ပါးချိုင့်လေးနှစ်ဖတ်ကထင်းနေလို့ အရမ်းကိုချစ်စရာကောင်းပါတယ်နော်။

အိမ်စည်က ပရိတ်သတ်တွေရဲ့ဆန္ဒအရ ရေခြားမြေခြားမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အခက်ခဲပေါင်းများစွာကိုရင်ဆိုင်ကာ အပြုံးမပျက်ပြန်လာခဲ့ပါတယ်။အခုနောက်ပိုင်းမှာလည်း အနုပညာခြေလှမ်းတွေတစ်စထက်တစ်စမြင့်တက်လာပြီး ရှပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးနေပါပြီ။ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် အိမ်စည်က သူမနဲ့လိုက်တဲ့ဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နေပါတယ်။ဇာတ်ကားကြီးထွက်လာရင်လည်း အိမ်စည့်ကိုချစ်တဲ့ပရိတ်သတ်တွေက အားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီနော်။

အိမ်စည် စိတ်ထားလေးဖြူစင်ပြီးအရှိကိုအရှိအတိုင်းဆက်ဆံတတ်သူဖြစ်လို့ လူချစ်လူခင်များပြီး မိတ်ဆွေအပေါင်းအသင်းတွေလည်းများပါတယ်နော်။အိမ်စည်က မပုံ့ရဲ့ brand ဆိုင်ဖွင့်ပွဲကို တက်ရောက်ပြီး အချေမျက်နှာထားနဲ့ ခပ်မိုက်မိုက်ဒီဇိုင်းကိုဝတ်ဆင်ပြီး confidence ရှိစွာနဲ့လျှောက်လှမ်းခဲ့ပါသေးတယ်။အိမ်စည်က"ကိုယ်အဆိုးဆုံးအချိန်မှာ မရှိနိုင်ခဲ့ပဲနဲ့ အကောင်းဆုံးအချိန်တွေမှာ လာသာယာဖို့မစဉ်းစားနဲ့byeboo"ဆိုပြီး သူမရဲ့ပုံလေးနဲ့အတူ လူမှု့ကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့ပါသေးတယ်နော်။

Source:Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။