ပရိသတ်ကြီးတို့ရေ ပရဟိတမင်းသမီးချောလေးခိုင်နှင်းဝေကိုသိကြမယ်ထင်ပါတယ်။ သရုပ်ဆောင် ဝေဠုကျော်နဲ့ သရုပ်ဆောင် ခိုင်နှင်းဝေတို့ အနုပညာမောင်နှမနှစ်ယောက်ကတော့ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေကြတဲ့ စံပြုထိုက်တဲ့မြန်မာပြည်ရဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ သံတမန်ဆုတွေကို အသီးသီး ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ပရဟတိမောင်နှမအတွက် တစ်ကယ့်ကို ဂုဏ်ယူစရာကောင်းလှပါတယ်။ 

ခိုင်နှင်းဝေဟာဆိုရင် မြန်မာဗီဒီယိုလောကစတင်ပေါ်ပေါက်ကတည်းက အောင်မြင်တဲ့ မင်းသမီးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် လက်ခံရရှိနေဆဲဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ကာ အများအကျိုးကို သယ်ပိုးဆောင်ရွက်နေတာဖြစ်ပြီး လူတိုင်းအပေါ် ရိုးသားဖြူစင်စွာနဲ့ ခင်မင်ဆက်ဆံပေါင်းသင်းတဲ့ အတွက်ကြောင့် ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးတစ်ယောက်အဖြစ် အနုပညာ လောကမှာရပ်တည်နေတာပဲဖြစ်ပါတယ်။

လတ်တလောမှာသူမရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ "တုနှိုင်းမရတဲ့မေတ္တာ"ရုပ်သံ ဇာတ်လမ်းတွဲ မှာပါဝင်သရုပ်ဆောင်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမကတော့ ပရိသတ်တွေနဲ့ အမြဲအဆက်အသွယ်မပြတ်အောင် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် သူမရဲ့ အလှပုံရိပ်တွေနဲ့တကွ အနုပညာလှုပ်ရှားမှု၊ တစ်နေ့တာလှုပ်ရှားမှုတွေကို အစဉ်အမြဲဖော်ပြပေးလျက်ရှိတာကိုတွေ့ရပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "လန့်မသွားနဲ့. ဂါနေတာ..မန်းသို့ လေယာဉ်နဲ့ သွားပြီ..တာ့တာ ရန်ကုန်" ဆိုပြီး သူမရဲ့ ပွင့်ပွင့်လင်းလင်းပြောဟန်လေးနဲ့ ရေးသားထားတဲ့စာသားလေးနဲ့ အတူ အလှပုံရိပ်တွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Khine Hnin Wai 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။