အိမ်မက်ဆုံရာ အစီအစဉ်မှတစ်ဆင့် ဂီတလောက ထဲကိုဝင်ရောက်လာသူလေးကတော့ အဆိုတော်မလေး ဝိုင်းလေးပဲ ဖြစ်ပါတယ်။ သူမဟာ ဂီတဘက်တွင်သာ ထူးချွန်တာမဟုတ်ပဲ Miss Myanmar World 2014 Winner တစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာ တည်ငြိမ်ရင့်ကျက်ပြီး မြင်သူတိုင်းကို စိတ်အေးချမ်းစေတဲ့အလှမျိုးကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။ သူမဟာ သူမပရိတ်သတ်တွေအတွက် သီချင်းအသစ်တွေဖန်တီးနေတယ်လို့လည်း သိရပါတယ်။ 

သူမရဲ့သီချင်းလေးတွေဟာလည်း ပရိတ်သတ်တွေရဲ့ကြားမှာ အရမ်းကို ရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။ သူမသီဆိုထားတဲ့ " တာဝန်အရ " ဆိုတဲ့ သီချင်းလေးဟာလည်း ပရိတ်သတ်တွေရဲ့ကြားမှာ အခုချိန်ထိ ရေပန်းစားနေဆဲပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားများရိုက်ကူးတော့မယ်လို့လည်း သိရပါတယ်။ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ပရိတ်သတ်တွေအတွက် " သူနဲ့ငါ "ဆိုတဲ့ သီချင်းအသစ်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက် ပြန်ပါပီ။ ဒီသီချင်းလေးဟာ အဆွေးသီချင်းအမျိုးအစားဖြစ်ပြီး စာသားလေးတွေဟာလည်း ပရိတ်သတ်တွေရဲ့ရင်ထဲကိုနေရာယူထားဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။  

"ရင်ခုန်နေတယ်ပေါ့..အခြားတယောက်အတွက် အချိန်ကုန်နေတော့.. နင့်အတွက်ဖြည့်ဆည်းခဲ့ငါ့ကို ချောင်မှာခေါက်ထားတော့.....နာကျည်းချက်တို့ငါ့မှာ နင်အကုန်ပြန်ယူသွားလိုက်ပါ..ဒါနောက်ဆုံးငါ့ဆန္န... " ဆိုတဲ့ စာသားလေးတွေဟာ အဆွေးဓာတ်ခံရှိတဲ့လူတွေအတွက်တော့ ပိုပြီးလွမ်းေဆွေးရဦးမှာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေအတွက် ဝိုင်းလေးရဲ့ " သူနဲ့ငါ " ဆိုတဲ့သီချင်းသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Wyne Lay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။