မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို အများအပြားရရှိထားတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ မခိုင်လေးလို့ သိကြတဲ့ ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးချောလေးဖြစ်တဲ့ စံထိပ်ထားဦးကို ပရိသတ်တွေ သိမယ်ထင်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမက ယခုအချိန်မှာဆိုရင် အမေတူသမီးလေးပီသစွာ အနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းလာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အရွယ်နဲ့ မလိုက်အောင် နုပျိုလှပတဲ့ မခိုင်လေးကြောင့် စံထိပ်ထားလေးအပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် မေမေ ခိုင်သင်းကြည်ရဲ့ ဆုံးမမှုအောင်မှာ ပရိသတ်တွေကို အပြုံးလေးနဲ့ တုံ့ပြန်တတ်သူဖြစ်ပါတယ်။ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ အပြင် စကားနားထောင်ပြီး လိမ္မာယဉ်ကျေးသူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို များစွာရရှိထားတဲ့ သူလေးဖြစ်ပါတယ်။

အနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းနေပြီဖြစ်တဲ့ စံထိပ်ထားလေးက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းရဲ့ SAI Cosmetix က နောက်ထပ် အသစ်ထပ်မံထွက်ရှိလာတဲ့ ပစ္စည်းအတွက် new product launching event ပွဲလေးမှာ ချစ်စရာကောင်း နတ်မိမယ်လေးတစ်ဦးအဖြစ် လှနေတာကို ပရိသတ်တွေမြင်တွေ့ကြရမှာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စံထိပ်ထားလေးရဲ့ ပွဲတက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source: San Htate Htar Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။