ပရိတ်သတ်ကြီးရေ... ကလေးလေးလို အရမ်းချစ်ဖို့ကောင်းတဲ့ ခေးလေးခင်ဝင့်ဝါဆိုတာပရိတ်သတ်ကြီးရဲ့ အသည်းကျော်လေးတစ်ယောက်ပါပဲနော်။ အများနဲ့ မတူဘဲ ထူးခြားတဲ့ ရှတတ အသံလေးကြောင့်လည်း ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါနော်။ သူမဟာ ပရိတ်သတ်အားပေးမှုအများဆုံး မင်းသမီးလေးတွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။

လူကောင်သေးသေးလေးနဲ့ အသည်းယားစရာကောင်းတဲ့ သူမရဲ့မျက်နှာလေးဟာလည်း ပရိတ်သတ်တွေကိုအချစ်ပိုနေစေခဲ့ပြန်ပါတယ်။မော်ဒယ်လောကထဲကနေ ရုပ်ရှင်နယ်ပယ်ထဲကို ကူးပြောင်းလာခဲ့တဲ့ မင်းသမီးလေးဖြစ်ပေမယ့် အရမ်းကိုပီပြင်လွန်းပြီး သဘာဝကျတဲ့သူမရဲ့ သရုပ်ဆောင်ချက်တွေကြောင့် အချိန်တိုလေးအတွင်းမှာပဲ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိခဲ့ပါတယ်နော်။

လတ်တလောမှာတော့ ဆိုင်ဖွင့်ပွဲလေးတွေနဲ့ ဖျော်ဖြေရေးပွဲလေးတွေကို တက်ရောက်လျက်ရှိပါတယ်။ အခုလည်း ဒီဇိုင်နာမပုံ့ရဲ့ Zoey Brand Grandဆိုင်သစ်ဖွင့်ပွဲလေးကိုနာမည်ကြီးအနုပညာရှင်တွေနဲ့အတူ တက်ရောက်ခဲ့ပြန်ပါတယ်။ ချက်ပေါ်ခါးတိုအင်္ကျီလေးကိုဝတ်ပြီး ပွဲတက်လာတဲ့ ခေးလေးကြောင့်ပရိတ်သတ်တွေ ရင်အခုန်မြန်ပြီး လည်ပြန်လှည့်ကြည့်ရတဲ့အထိဖြစ်ခဲ့ရပါတယ်နော်။ကဲ....ပရိတ်သတ်ကြီးကိုလည်းအမိုက်စားဖက်ရှင်လေးနဲ့ပွဲတက်လာတဲ့ ခေးလေးရဲ့ပုံရိပ်လေးတွေကိုပြန်လည်မျှဝေအပေးလိုက်ပါတယ်နော်။

Source : Khin Wint Wah

Photo Crd: Alinn Yaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။