ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်းမှာမပါမဖြစ်ပါဝင်ကပြီး ဇာတ်ကားတိုင်းကလည်းပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်ရထားတာကတော့ အကယ်ဒမီမင်းသားချောလေးမြင့်မြတ်ပဲဖြစ်ပါတယ်။ယောက်ျားလေးပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကိုခံရတဲ့ပြည်သူချစ်တဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေသာမကအနုပညာရှင်တွေကပါဝိုင်းချစ်နေရတာဖြစ်ပါတယ်။

မြင့်မြတ်ကတော့အောင်မြင်နေတဲ့မင်းသားတစ်ယောက်ဖြစ်ပေမယ့်မာနမရှိပဲ ဖြူစင်တဲ့စိတ်ထားလေးတွေကတော့ပရိသတ်တွေသာမက အကုန်ချစ်နေရတာပါ။ဇာတ်ကားတိုင်းမှာလည်းကာရိုက်တာတိုင်းကိုပီပြင်စွာရိုက်ကူးနိုင်တာကြောင့်သူ့ဇာတ်ကားတိုင်းကရုံအပြည့် အားပေးနေကြတာပါ။မြင့်မြတ်ကတော့ခုမှာချစ်ရတဲ့သားလေးနဲ့တူတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သားလေးကတော့ဖေဖေရဲ့ရိုက်ကွင်းတွေကိုလည်းလိုက်ပြီးအားပေးနေတာဖြစ်ပါတယ်။ခုမှာတော့ဂျူနီယာမြင့်မြတ်ကတော့ဖေဖေမေမေတို့နဲ့တူတူငပလီကိုအလည်သွားတော့မှာဖြစ်ပါတယ်။ငပလီသွားဖို့လေယာဉ်စောင့်နေတဲ့ဂျူနီယာမြင့်မြတ်လေးကတော့ကမ်းခြေမရောက်ခင်ကတည်းကပျော်နေတာဖြစ်ပါတယ်။အမြဲပြုံးနေတက်တဲ့ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေချစ်မဝဖြစ်နေတဲ့ဂျူနီယာမြင့်မြတ်လေးရဲ့ ငပလီသွားရတော့မှာကြောင့်ပျော်နေတဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Myat Wai Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။