ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူမင်းကတော့ တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကိုတစ်စိုက်မက်မက်လုပ်ရင်း မင်းသားတစ်လက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အရင်က ဇာတ်လမ်းဇာတ်အိမ် အရမ်းကောင်းတဲ့ ဇာတ်ကားတွေမှာ ပိုင်နိုင်တိကျတဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီတွေလည်း အများကြီးရခဲ့ဖူးပါတယ်နော်။

လူမင်းက အနုပညာအလုပ်တွေကိုလုပ်နေရင်း ခင်စံပယ်ဦးနဲ့တွေ့ကာ မေတ္တာမျှကြပြီး နှစ်ကိုယ်တူဘဝလေးကို တည်ထောင်လိုက်ကြပါတယ်။နှစ်ယောက်လုံးက နားလည်မှုတွေနဲ့ပဲ ရှေ့ဆက်ကြလို့ ယခုချိန်ထိ ခိုင်ခိုင်မြဲနေတဲ့ အိမ်ထောင်ရေးလေးဖြစ်ပြီး လူမင်းကလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။လူမင်းတို့မိသားစုလေးမှာ အခုဆိုရင် သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်လို့ သာယာပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

လူမင်းက အနုပညာအလုပ်တွေကိုလည်း တစ်စိုက်မက်မက်လုပ်ဆောင်နေပေမယ့် မိသားစုကိုအချိန်ပေးပြီး ခရီးတွေထွက်ပြီး ပျော်ရွှင်အောင်လည်းထားပါသေးတယ်နော်။အခုဆိုရင်လည်း လူမင်းတို့မိသားစုလေးက ချမ်းအေးလှတဲ့ ပြင်ဦးလွင်ကိုရောက်ရှိနေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လည်ပတ်နေပါတယ်နော်။လူမင်းကတော့ မိန်းမဖြစ်သူခင်စံပယ်ဦးနဲ့ နှစ်ယောက်သား ပန်းဦးယျာဉ်ရဲ့ အလယ်မှာ လူငယ်လေးတွေအတိုင်း အရမ်းရိုနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်။

Source:Ayarwady Lu Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။