“အမုန်းမှသည်” ဇာတ်ကားထဲမှာ စိုင်းနေရောင်နဲ့ နေချိုသွေးအဖြစ် ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ နေနေစုံတွဲလေးကိုတော့ ပရိသတ်တွေ သတိရနေကြလိမ့်မယ် ထင်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်ကြတဲ့ မင်းသားချောလေးကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေတို့ကတော့ ချစ်စရာကောင်းပြီး လိုက်ဖက်ညီတဲ့ ချစ်သူစုံတွဲလေးအဖြစ် ပရိသတ်တွေကို အချစ်ပိုစေခဲ့ကြတဲ့ အားလုံးရဲ့အသည်းကျော်လေးတွေပါပဲ..။

MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “အမုန်းမှသည်” ဇာတ်လမ်းတွဲလေး ပြီးစီးသွားကတည်းက စုံတွဲလိုက် မတွေ့ရတော့တဲ့ သူတို့နှစ်ယောက်ကတော့ ခုတစ်ခါမှာ စုံတွဲလေးအဖြစ် ပရိသတ်တွေရဲ့မျက်စိရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီနော်..။

ပရိသတ်အသည်းကျော် သူတို့နှစ်ဦးကတော့ Secret flower lotion အတွက် စုံတွဲလေးအဖြစ် ကြော်ငြာလေး ရိုက်ကူးပေးတာဖြစ်ပြီး လိုက်ဖက်ညီလွန်းတာမို့လည်း ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေကို အလွမ်းပြေစေပါတယ်နော်.. ။

မင်းသားချောလေးကျော်ထက်ဇော်နဲ့ မင်းသမီးချောလေးဆောင်းဝတ်ရည်မေတို့ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်မှုတွေ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် နှစ်ဦးဆိုလည်း မမှားပါဘူး..။

Secret flower lotion အတွက် ကြော်ငြာဓာတ်ပုံလေးတွေကိုတော့ စုံတွဲလေးအဖြစ် ရိုက်ကူးပေးထားတဲ့အပြင် မော်လ်ဒယ်ချောလေးတွေဖြစ်တဲ့ ထက်ဦးထွဋ်၊ ဖြူသက်ချောတို့နဲ့အတူ သရုပ်ဆောင် ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်..။

Photo - ကျော်ထက်ဇော်၊ ဆောင်းဝတ်ရည်မေ၊ Kan Su Ho၊ My Journey Travel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။