အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးချောကြီး စိုးမြတ်သူဇာကတော့ ယနေ့တိုင်အောင် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်များစွာကို ရိုက်ကူးအောင်မြင်ခဲ့တဲ့ မကြီးစိုးက အခုချိန်မှာတော့ သူမတို့ညီအစ်မတွေရဲ့ပိုးထည်ဆိုင်လေးကို ဦးစီးလုပ်ကိုင်နေသလို တူ၊တူမလေးတွေနဲ့လည်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။ အခုလည်း မကြီးစိုးက သူမချစ်ရတဲ့ တူမလေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကတော့ စိုးမြတ်ကလျာရဲ့ သမီးလေး ခေတ်သခင်ရဲ့ အသက် (၁၁) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် တီတီတွေဖြစ်ကြတဲ့ စိုးမြတ်သူဇာနဲ့ စိုးပြည့်သဇင်တို့က သူမတို့ရဲ့အချစ်တော် တူမလေးအတွက် ကိုယ်စီမွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ်။ ငယ်စဉ်ကတည်းက တူမလေးကို ထိန်းကျောင်းလာခဲ့တဲ့ တီတီစိုးမြတ်သူဇာကတော့ " သမီးလေး ၁၁ နှစ်ပြည့်ပြီနော် လိမ္မာတော့မယ်မလား" ဆိုပြီး သူမတို့တူဝရီးရဲ့ ကြည်နူးစရာပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။

တီတီလေး စိုးပြည့်သဇင်ကလည်း ခေတ်သခင်လေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့အတူ " Happy birthday ချစ်ခေတ်လေး.....ပညာတတ်ကြီးဖြစ်ပါစေ....သီချင်းလေးကလည်းအဆိုကောင်းလို့တီတီဇင်ကအဆိုတော်ကြီးလည်းဖြစ်စေချင်တယ်....မင်းသမီးလည်းဖြစ်စေချင်တယ်......ဒါမဲ့သမီးဝါသနာအပါဆုံးအရာတစ်ခုကိုရွေးချယ်နိုင်ပြီးမိဘကိုလုပ်ကျွေးနိုင်ပါစေ" ဆိုပြီး ဆုတောင်းစကားဆိုထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်တို့နဲ့ တူမလေး ခေတ်တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်နော်။

Source:Soemyat Thuzar& Soe Pyae Thazin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။