နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအဆိုတော် အုပ်စိုးခန့်ဟာ အသံသာကောင်းရုံသာမကပဲ မိန်းကလေးတွေကြွေကျစေလောက်တော့ရုပ်ရည်မျိုးပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အုပ်စိုးလန့်ဟာ “ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ” ဆိုတဲ့သီချင်းလေးမှတစ်ဆင့် ဂီတလမ်းကြောင်းကို စတင်ဝင်ရောက်လာသူပါ။ သူဟာ ကိုယ်တိုင်းရေးတဲ့ သီချင်းတွေကိုMTV လေးတွေစတင်ရိုက်ကူးရာမှတစ်ဆင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိခဲ့သူလည်း ဖြစ်ပါတယ်။

လက်တလောမှာတော့ “ The Number One " ဆိုတဲ့တေးစီးရီးAlbumလေးကိုထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ ဒီအခွေလေးဟာ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်ပြီး ဒီအခွေလေးထဲမှာတော့ သီချင်းပုဒ်ရေ ၁၄ပုဒ်ပါဝင်တယ်လို့ သိရှိရပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ တက္ကသိုလ်ကျောင်းပွဲတွေကိုသွားရောက်ဖျော်ဖြေဖို့ရှိတယ်လို့ သိရပါတယ်။ 

အမြဲလိုလို ပရိတ်သတ်တွေနဲ့ Challenge တွေနဲ့ Tik Tok လေးတွေတင်ပေးလေ့ရှိသူ အုပ်စိုးခန့်ဟာ ယခုအခါလည်း ပရိတ်သတ်တွေအတွက် Tik Tok လေးတစ်ခု တင်ပေးထားပါသေးတယ်။ ဒီTik Tok လေးကိုကြည့်ပြီး ပရိတ်သတ်တွေပိုပြီးအချစ်တိုးလာမှာ အသေချာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ ကွေကာအုပ်လေးရဲ့ Tik Tok ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Oak Soe Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။