သရုပ်ဆောင်စမိုင်းကတော့ အနပညာလောကရဲ့အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကိုလဲ ရယူထားနိုင်သူဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး အလိုက်သိတတ်တဲ့ ယောကျာ်းကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်ကို ရရှိထားပါတယ်။  

စမိုင်းကတော့ တစ်ချိန်တုန်းက ဝတုတ်လေးဖြစ်ခဲ့ပြီးကြိုးကြိုးစားစားဝိတ်ချခဲ့တာကြောင့် ယခုဆိုရင်လှပတဲ့ခန္တာကိုယ်လေးကိုရရှိခဲ့ပါတယ်။ ယခုမှာတော့ စမိုင်းတစ်ယောက် သူမလိုဘဝတူဝနေတဲ့သူတွေအတွက် စာအုပ်ကလေးထုတ်ဝေပေးခဲ့ပါတယ်။ စမိုင်းကတော့ " Smile ရဲ့ Sharing is Caring ဝသောသူကိုကြင်နာပါဆိုတဲ့စာအုပ်လေးထွက်ပါပြီ.. ဘယ်လိုဝိတ်ချထားတယ်ဆိုတာတွေ ဘယ်လိုစားသောက်ရတယ် လေ့ကျင့်ခန်းလုပ်နည်းတွေပါမကျန်အကုန်နားလည်သိသလောက်ကိုအကုန်ရေးထားပေးတယ် " ဆိုပြီးရေးသားထားပါတယ်။  

စမိုင်းကတော့ " စဆရက လုပ်တာမဟုတ်ပဲတကယ်ကြုံတွေ့ခံစားထားရတာတွေကိုရေးပြထားတာမို့လို့ရင်ဘတ်ချင်းတူပြီးနားလည်မယ်လို့မျှော်လင့်ထားပါတယ်၁၄ရက်နေ့မှာကျရောက်မဲ့ Valentine’s Day ချစ်သူများနေ့အတွက် ကိုယ့်ချစ်သူကိုလှစေချင်သူတွေ ခန္တာကိုယ်ကြောင့်စိတ်အားငယ်သူတွေအတွက်ခွန်အားရစရာစာအုပ်လေးတစ်အုပ်ဖြစ်လို့ ချစ်သူတွေအတွက်ဝယ်ပေးဖို့အသင့်တော်ဆုံးပေါ့ " ဆိုပြီးရေးသားထားပါတယ်။

source: smiles

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။