၂၈ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲတွေနဲ့မကြာခင်ကယှဉ်ပြိုင်ခဲ့တဲ့ ဗီယက်နမ်ယူ၂၂ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာဒုတိယ ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဦကြည်လွင်ကတော့ဒီနေ့မှာတော့ ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရပ်ဆိုင်းလိုက်ပါပြီဖြစ်ပါတယ်။အဆိုပါသတင်းကြောင့်မြန်မာဘောလုံးကိုချစ်တဲ့ပရိသတ်တွေကအံ့သြခဲ့ရပါတယ်။မြန်မာအသင်းကိုကိုင်တွယ်ခဲ့တဲ့ပြိုင်ပွဲတိုင်းမှာ အမြဲရလဒ်ကောင်းတွေယူပေးနိုင်တာကြောင့်ဒီသတင်းကိုပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်ကတော့ ဘယ်လ်ဂျီယံလူမျိုး နည်းစနစ်ဒါရိုက်တာ အဲရစ်ရဲ့အကြံပေးမှုတွေနဲ့ ရေရှည်စီမံကိန်းတွေလုပ်ဆောင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့နည်းပြချုပ်နေရာအတွက်လည်း ခုမှာပရိသတ်တွေကစိတ်ဝင်စားမှုမြင့်တက်နေတာဖြစ်ပါတယ်။မြန်မာအသင်းရဲ့နည်းပြနေရာလျှောက်ထားသူတွေကလည်းအများအပြား ရှိတာကြောင့်အဲရစ်ကပဲအဖွဲ့ချုပ်နဲ့တိုင်ပင်ဆုံးဖြတ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆူဇူကီးဖလားပြိုင်ပွဲတုန်းကမြန်မာအသင်းဟာမလေးရှားအသင်းကိုဂိုးပြတ်ရှုံးနိမ်ခဲ့ပြီး အုပ်စုကထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာဘောလုံးလောကအတွက်အဖွဲ့ချုပ်ကရေရှည်စီမံကိန်းတွေလုပ်ဆောင်နေတဲ့ အချိန်မှာ မြန်မာအသင်းကိုရလဒ်ကောင်းတွေရအောင်စွမ်းဆောင်ပေးခဲ့တဲ့ ဦးကြည်လွင်ကိုတာဝန်ရပ်စဲလိုက်တာကတော့ပရိသတ်တွေစဉ်းစားနေရပါတယ်။နည်းပြဦးကြည်လွင်ကလည်းလူမှုကွန်ရက်ကနေ"နှုတ်ဆက်ခဲ့ပါတယ် ဘောလုံးချစ်ပြည်သူများ ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရပ်ဆိုင်းလိုက်ပါပြီ ဒီလောကထဲဘယ်တော့မှပြန်မလာတော့ပါ ကြိုက်တာပြောလို့ရတယ်ဒါပါဘဲ"ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။

SOURCE:Kyi Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။