ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ Bruce Willis နှင့် သူရဲ့ ဇနီး Emma Hemingတို့ရဲ့ ကြည်ညိုဖွယ်ပုံရိပ်တွေကို တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။ အင်္ဂါနေ့တွင် နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "Glass" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အကြိုရုံတင်ပြပွဲရှိ ဝင်ပေါက်တစ်ခုတွင် သူနှင့် သူ့ဇနီးတို့၏ ကြည်ညိုဖွယ် ပုံရိပ်တွေကို ပရိသတ်ကြီးတို့အနေနဲ့ ရင်သတ်ရှုမောဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။  

Bruce နဲ့ သူ့ရဲ့ ဇနီးချောလေးဖြစ်တဲ့ 40 နှစ်အရွယ်မော်ဒယ်လ်မလေးတို့ဟာ ရေတပ်အပြာဝတ်စုံကို တူညီစွာဝတ်ဆင်လာပြီး Premiere ပွဲသို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ Bruce Willis ဟာ ၆၃နှစ်ရှိပြီး အရွယ်တင်နုပျိုတဲ့ ကမ္ဘာကျော်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ Bruce နှင့်မင်းသမီး Emma တို့ဟာ ၂၀၀၉ ခုနှစ်ကတည်းကလက်ထပ်ခဲ့တာဖြစ်ပြီး သမီးနှစ်ယောက်မွေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီး ချစ်စဖွယ် သမီးလေးနှစ်ယောက်ရဲ့နာမည်ကတော့ Mabel အသက်ခြောက်နှစ်နှင့် Evelyn လေးနှစ်အရွယ်ကလေးတို့ပဲဖြစ်ပါတယ်။ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သမီးလေးတွေပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီးရေ။ 

မင်းသာကြီး Bruce ဟာဆိုရင် ၁၉၈၇ကနေ ၂၀၀၀ခုနှစ်အထိ မင်းသမီး Demi Moore နဲ့အရင်လက်ထက်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့စုံတွဲဟာဆိုရင်လည်း သမီးသုံးယောက်ကို ပြုစုပျိုးထောင်ခဲ့တာပဲဖြစ်ပါတယ်။ Rumer အသက် ၃၀၊ Scout ၂၇ နှင့် Talullah ၂၄နှစ်တို့ပဲဖြစ်ပါတယ်။ အရမ်းကို စွံတဲ့မင်းသားကြီးပဲဖြစ်ပါတယ်နော်။ သမီးလေးတွေကြီးပဲမွေးထားတဲ့ မင်းသားကြီးကို ဝန်းရံ လိုက်ရအောင်နော်။ "Glass" ရုပ်ရှင်ဇာတ်ကားကြီးကို သောကြာနေ့ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တစ်နိုင်ငံလုံးဖြန့်ချိ ပြသပြီဖြစ်ကြောင်း အကြောင်းကြားသတင်းပေးအပ်တာဖြစ်ပြီး မင်းသားကြီးတို့ ဇနီးမောင်နှံရဲ့ ကြည်ညိုဖွယ်ပုံရိပ်တွေကိုမျှဝေပေးလိုက်ပါတယ်နော်။

source Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။