Rihanna ဟာဆိုရင် သူမရဲ့အဖေဖြစ်သူ Ronald Fenty ကိုဆန့်ကျင်ကာ စီးပွားရေးအတွက် အထောက်အကူးဖြစ်ရန် မိသားစုနာမည်ကိုအသုံးချသောကြောင့် ခုချိန်မှာတော့ တရားစွဲဆိုထားပါတယ်။ ခုလိုသမီးက အဖေကိုတရားစွဲဆိုလို့ဘယ်သူမှဘာမှမပြောကြပါဘူး.....ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဖေဖြစ်သူက ကိုယ့်စီးပွားရေးအတွက် ခုလိုမိသားစုနာမည်ကို အသုံးချတဲ့အတွက် သမီးဖြစ်သူ Rihanna ဟာ စိတ်နာပြီး အခုလိုတရားစွဲဆိုရခြင်းဖြစ်ပါတယ်။ 

Rihanna ဟာ အသက်၃၀ရှိပြီဖြစ်ပြီး သူမမှာလဲ သူမနာမည်နဲ့ကိုယ်ပိုင်စီးပွားရေးရှိကာ Fenty Beauty ဆိုပြီး အလှကုန်ပစ္စည်းတွေထုတ်တာပဲဖြစ်ပါတယ်။ Rihanna အဖေနဲ့ အမေတို့ဟာ တရားဝင်ကွာရှင်းထားကြကာပဲဖြစ်ကာ လူသိရှင်ကြားနောက်ဆုံးတွေခဲ့တဲ့အချိန်ကတော့ November လမှာပဲဖြစ်ပါတယ်။ သူတို့တွေရတဲ့အကြောင်းအရင်းကတော့ Rihanna ရဲ့အဘိုးနှစ် ၉၀ပြည့်မွေးနှစ်အတွက် တွေ့ဆုံးချင်ဖြစ်ပါတယ်။ Rihanna ဟာအဲ့နေ့မှာ သူ့အဖေနဲ့ဓာတ်ပုံအတူူတူရိုက်ပြီး social media ပေါ်ကိုတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာဆိုရင် သူမအဖေရယ် အမေရယ်နဲ့အတူ ဓာတ်ပုံရိုက်ထားပုံကို တင်ခဲ့ပါသေးတယ်။ 

သို့သော်များလဲ Rihanna နဲ့ သူမအဖေရဲ့ဆက်ဆံရေးတွေက မကြာခဏဆိုသလို အဆင်မပြေမှုလေးတွေရှိတတ်ပါတယ်။ Rihanna ကလေးဘဝတုန်းက သူမအဖေဟာ သူမအမေကိုကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့ပြီး နှာခေါင်းကိုတခါချိုးဖူးတာ မြင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။ ၂၀၀၈ခုနှစ်တုန်းကလဲ သူမရဲ့ North America ခရီးစဉ်ကားပေါ်မှာ အရက်မူးရူးနေလို့အိမ်ကိုပြန်ပို့ခဲ့ရပါသေးတယ်။ သူအဖေဟာ တော်တော်များများကိုလဲ ကျူးလွန်ခဲ့ပါသေးတယ်.....ပွဲတွေမှာ မူးရူးနေတာတို့.....ထောင်ကျတာတို့ စသဖြင့်ကျူးလွန်ခဲ့ပါသေးတယ်။ သမီးနဲ့အဖေဆက်ဆံရေးက အဆင်မပြေမှုတွေ များလွန်ပါတယ်။ 

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။