ယူ၂၀ကမ္ဘာဖလားဝင်ခွင့်ရအောင်ကွင်းလယ်ကနေအကောင်းဆုံးခြေစွမ်းတွေနဲ့ တိုက်စစ်ကိုပံ့ပို့ပေးနိုင်တဲ့ ကစားသမားလေးဆိုတာနဲ့ကျော်မင်းဦးကိုပြေးမြင်မိမှာပါ။ယူ၂၀ကမ္ဘာဖလားပြိုင်ပွဲမှာလည်းမလျော့သောလုံလတွေနဲ့အသင်းအတွက်ကြိုးစားခဲ့တဲ့ကစားသမားလေးတစ်ယောက်ဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းမှာလည်းချန်ပီယံဆုဖလားတွေနဲ့ အောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့လို့ကြိုးစားအားထုတ်မှုတွေနဲ့ခြေစွမ်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ကျော်မင်းဦးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဘောလုံးလောကမှ အနားယူပြီဖြစ်ကြောင်းကြော်ငြာခဲ့ပါတယ်။အဆိုပါသတင်းကြောင့်ပရိသတ်တွေအံ့အားသင့်ပြီးစိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။ မြန်မာ့ဘောလုံး လောကအတွက်လည်းဒီလိုကစားသမားကောင်းတစ်ယောက်ဆုံးရှုံးခဲ့ရတာကြောင့်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ရပါတယ်။

ကျော်မင်းဦးကတော့ကာလအရှည်ကြာခံစားနေရတဲ့ဒဏ်ရာလုံးဝမသက်သာတာကြောင့်ဘောလုံးလောကမှအနားယူခဲ့တာပါ။အဖွဲ့ချုပ်နဲ့ ရန်ကုန်ယူနိက်တက်အသင်းတို့ကလည်းသူ့ရဲ့ဒဏ်ရာကိုထိုင်းနိုင်ငံမှာသွားရောက်ကုသစေခဲ့ပေမယ့် နောက်ဆုံးမှာမသက်သာတာကြောင့် မြက်ခင်းစိမ်းတွေကိုခြေမချဖို့စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။သူ့ကိုချစ်ပြီးအမြဲအားပေးနေတဲ့ ပရိသတ်တွေအတွက်လည်းသူဒဏ်ရာမရခင်ကမြက်ခင်းပေါ်မှာကြိုးစားခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း အမှတ်ရနေစေဖို့တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:…Yangon United 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။