မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်အချိုးအစားတွေနဲ့ ချောမောခန့်ညားတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေသူတစ်ဦး ဖြစ်ပါတယ်။ အမိုက်စား တက်တူးတွေနဲ့ ကိုရီးယားမင်းသားတစ်ယောက်လို ရုပ်ရည်မျိုးနဲ့ တိုင်ရွန်က မာနကင်းစင်ပြီး ပရိသတ်တွေအပေါ်မှာ ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်သူလည်း ဖြစ်ပါတယ်။

အခုဆိုရင် တိုင်ရွန်က ကြော်ငြာ၊သီချင်းဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းလက်ခံရိုက်ကူးနေရတဲ့အထိ အောင်မြင်နေတာ ဖြစ်ပါတယ်။ တိုင်ရွန်က မကြာသေးခင်ကလည်း " ပုရိသ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးစီးခဲ့ပြီး နောက်လမှာလည်း " စာအုပ်ကြီးရဲ့ စီရင်ချက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ တိုင်ရွန်က အခုလည်း ပရိသတ်တွေကို အလန်းစားကကွက်တွေနဲ့ ရယ်နေရမယ့် Tik Tok ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

တိုင်ရွန်က " Ooredoo ကြော်ငြာလေးအတွက် အကကျင့်ရင်း မျက်ခွက်ပြောင်ထားတဲ့ အလွဲလေးတွေ တူတူကကြမယ် " ဆိုပြီး သူရဲ့အကဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ရုပ်ပြောင်လေးနဲ့ အလန်းစားဒွန့်ပြထားတဲ့ တိုင်ရွန်ရဲ့ဗီဒီယိုဖိုင်လေးက ခဏလေးအတွင်းမှာတင် လူကြိုက်များအောင်မြင်နေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော တိုင်ရွန်ရဲ့ အခွီတလိုင်း Tik Tok အကဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Tyron Bejay;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။