လူကြိုက်အများဆုံး Cosmic ဇာတ်ကောင်တွေထဲက Super Hero ဖြစ်တဲ့ Spider Man ကို ကလေးဘဝငယ်စဉ်ကတည်းက အားကျရတဲ့ လူစွမ်းကောင်တစ်ဦးအဖြစ် ပရိသတ်များရင်းနှီးခဲ့ကြမှာပါ။ Marvel Comics ဇာတ်ကောင်ထဲက အသက်သွင်းထားတဲ့ ဒီ Spider Man လူစွမ်းကောင်းရဲ့ သီးသန့်စွန့်စားခန်းတွေ ကို Spider-Man: Homecoming (2017) မှာ မျက်မြင်တွေ့ရှိခဲ့ရပြီးနောက် Peter Parker တဖြစ်လှည့် Spider-Manအဖြစ် Tom Holland က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

/

ရုပ်ရှင်ကုန်ကျစရိတ် ဘာဂျက်ငွေ($175 million) အသုံးပြုရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကို ရုံတင်ပြသခဲ့တဲ့ စုစုပေါင်းဝင်ငွေစာရင်းဟာ Box office ($880.2 million) ထိ ပြန်လည်ရရှိခဲ့တာကြောင့် အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ဆိုနိုင်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Jon Watts ဟာ ၂၀၁၉ ခုနှစ်မှာ စိန်ခေါ်မှု တစ်ခုအနေနဲ့ Spider-Man: Far From Home ကို အပြီးသတ်ရိုက်ကူးတင်ပြနိုင်ခဲ့ပြီး ဒီရုပ်ရှင်ကားကြီးဟာ ဇူလှိုင်လ(၅)ရက်နေ့မှာ တကမ္ဘာလုံးကို ဖြန်ချိရုံတင်ပြသမှာဖြစ်ပါတယ်။

Spider-Man: Far From Home ရဲ့ Official Teaser Trailer ကို ဇန်နဝါရီလ(၁၅) ရက်နေ့ မှာ ထုတ်လွှင့်ခဲ့ပြီး ဇာတ်ဝင်ခန်းတချို့နဲ့ ဇာတ်လမ်းမှာ အသုံးပြုထားတဲ့ နည်းစနစ်တွေဟာလည်း စိတ်ဝင်စားဖို့ အလွန်ကောင်းနေပါတယ်။ Peter Parkerအဖြစ် မင်းသားချော Tom Holland ဟာဒီ ၂၀၁၉ခုနှစ်ရဲ့ လူစွမ်းကောင်းအဖြစ် ဘယ်လိုတွေ ကြိုးစားပြီး တိုက်ခိုက်မလဲဆိုတာ Official Teaser Trailer လေးနဲ့ တကွ ဖော်ပြလိုက်ရပါတယ်။

source: http://www.justjaredjr.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။