သရုပ်ဆောင်ထွန်းထွန်းကိုတော့ မြန်မာနိုင်ရဲ့ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ ပရိသတ်အသည်းကျော်လေး ထွန်းထွန်းကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ အသည်းစွဲချစ်ခဲ့ရသူလေးဖြစ်ပါတယ်။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ပရိသတ်တွေအချစ်တွေကိုလဲ ရရှိနေသူလေးပဲဖြစ်ပါတယ်။ 

ထွန်းထွန်းကတော့ ဂီတလောကထဲကို Example အဖွဲ့အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ယခုမှာတော့ ထွန်းထွန်းတစ်ယောက် အကယ်ဒမီဆုတစ်ခု ပိုင်ဆိုင်ခဲ့သည်အထိ အောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သီချင်းခွေတွေလည်း ထွက်ရှိထားပြီး ပရိသတ်အားပေးမှုအပြည့်အဝရရှိထားသူတစ်ယောက်ပါပဲ။ 

ယနေ့မှာတော့ ထွန်းထွန်းတစ်ယောက် သူငယ်ချင်းတစ်ယောက်ဆီကနေ တန်ဖိုးကြီးနာရီလေး လက်ဆောင်ရရှိခဲ့ပါတယ်။ ထွန်းထွန်းကတော့ " ဟဲဟဲ သူငယ်ချင်းရေကျေးဇူးပါကွာ... လက်ပတ်ကြိုးလဲလိုက်တာ အတော်မိုက်သွားတယ်... " ဆိုပြီးရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ထွန်းထွန်းရဲ့ ချစ်စရာပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

source: ထွန်းထွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။