မိန်းကလေးအများစုက သူတို့ရဲ့ဘဝမှာ မိဘတွေကို ကျွေးမွေးစောင့်ရှောက်မယ် ၊ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ပြီး မိသားစု ဘဝလေးတည်ဆောက်မယ်ဆိုတဲ့ အဖြစ်ချင်ဆုံးဆန္ဒလေးတွေ ရှိတတ်ပါတယ်။

ချစ်သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မင်္ဂလာဝတ်စုံလှလှလေး ဝတ်ပြီး ဓာတ်ပုံရိုက်ချင်တဲ့ စိတ်ကူးအိပ်မက်လေးတွေလည်း ရှိကြပါသေးတယ်။

ထိုင်ဝမ်နိုင်ငံ တိုင်ပေမှာ နေထိုင်တဲ့ May Chen လို့ခေါ်တဲ့ မိန်းမချောလေးကလည်းသာမန်မိန်းကလေးများနည်းတူ ဒီလိုစိတ်ကူးလေးရှိလို့နေပါတယ်။ 

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက သူမထံကိုရောက်ရှိလာခဲ့တယ်လို့ဆိုရလောက်အောင်ပင် သူမဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရင်သားကင်ဆာရောဂါကို ခံစားခဲ့ရပါတယ်။

ဒါ့ကြောင့် သူမဟာ ဆရာဝန်တွေနဲ့ပြသခဲ့သလို ဆရာဝန်တွေက ခွဲစိတ်လိုက်ရင်သက်သာ သွားမယ်ဆိုလို့ သူမခွဲစိတ်ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက ခွဲစိတ်မှုအောင်မြင်သွားလို့ မေ ကတော့ အရမ်းကိုပျော်ရွှင်ခဲ့တဲ့ပုံပါပဲ။

သို့ပေမယ့် နောက်ထပ် ၆ လလောက်ကြာတဲ့အခါမှာ သူမရဲ့ရင်သားမှာ အကြိတ်လိုအရာတခုထပ်မံတွေ့ရှိခဲ့တာကြောင့် ဆေးရုံကိုပြန်သွားခဲ့ရပါတယ်။

ဆေးရုံကိုရောက်ပြီး စစ်ဆေးမှုတွေပြုလုပ်လိုက်တဲ့အခါမှာတော့ ဆရာဝန်တွေဟာ သူမ ရဲ့ ရင်သားကင်ဆာဆဲလ်တွေဟာ အမြစ်ကိုမဖယ်နိုင်တဲ့အတွက် အတော်လေးပျံ့နှံ့နေပြီး အသက်ရှင်ဖို့ရာခိုင်နှှုန်းမရှိတော့ကြောင်း ပြောပြခဲ့ပါတယ်။

ဒီစကားလုံးတွေကြားပြီးတဲ့အချိန်မှာ သူမ အရမ်းဝမ်းနည်းခဲ့ရပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ မေ ဟာ အခန်းအောင်းပြီးလည်း စိတ်ဓာတ်ကျမနေခဲ့ဘဲ သူမရဲ့ ဆန္ဒတွေကို အမှတ်စဉ်တပ်ပြီးချရေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မေ ဟာ မသေခင်လေးမှာ သူမရဲ့ အဖြစ်ချင်ဆုံးစိတ်ကူးအိပ်မက်လေးဖြစ်တဲ့ မင်္ဂလာဂါဝန်ဖြူလေးတွေ ဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

သူမဟာ ချစ်သူမရှိပေမယ့် မင်္ဂလာဝတ်စုံကို တစ်ယောက်ထဲ ပို့စ်အမျိုးမျိုးနဲ့ အလှပဆုံး ရိုက်ကူးခဲ့သလို ကိုယ့်ဘဝလက်တွဲဖော်မပါတဲ့ သတို့သမီးလေး ရဲ့ အထီးကျန်တဲ့ ဓာတ်ပုံတွေကို မြင်ရတာ အင်မတန်ကိုမှ စိတ်မကောင်းဖြစ်စရာပါပဲ။

ဒါပေမယ့် မေက Yangming တောင်ပေါ်မှာ ဓာတ်ပုံဆရာရဲ့ ရိုက်ချက်တွေနဲ့ အတူ အလှပဆုံး သတို့သမီးလေးအဖြစ် မသေခင်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

မသေခင်လေးမှာ သူမအဖြစ်ချင်ဆုံးအရာလေးကို အကောင်အထည်ဖော်ပြီး လောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားတဲ့ မိန်းမလှလေး မေရဲ့အကြောင်းကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။  

source - Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။