ပရဟိတမင်းသမီးခိုင်နှင်းဝေနှင့်အတူ Colgate Palmolive က “ ပြုံးပန်းဝေဆာ ရွှေမြန်မာ” လှူဒါန်းပွဲမှာ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းအစုံ ၁၀၀၀၀ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားများ အားလုံးအတွက် ကျန်းမာသန်စွမ်းတဲ့ သွားတွေ ပိုင်ဆိုင်နိုင်ပြီး ကျောင်းနေချိန်ရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုပစ္စည်း အရေအတွက် ၁၀၀၀၀ လှူဒါန်းခဲ့ပြီး သွားနှင့် ခံတွင်းဆိုင်ရာ ကျန်းမာရေး အသိပညာများကို ဝေမျှပေးနိုင်ရန်ရည်ရွယ်ပြီး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်, ရန်ကုန်, မြန်မာ - Colgate Palmolive Co., Ltd. က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ “ ပြုံးပန်းဝေဆာ ရွှေမြန်မာ” လှူဒါန်းပွဲမှာ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများ ဖြစ်တဲ့ သွားတိုက်ဆေး၊ သွားတိုက်တံတွေ အပါအဝင် ပစ္စည်းအစုံပေါင်း ၁၀၀၀၀ လှူဒါန်းခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲလေးကို မှော်ဘီမြို့နယ်ရှိ တိုက်ကြီးကုန်း အခြေခံပညာ အထက်တန်းကျောင်းမှာ Colgate Palmolive Co., Ltd. မှ တာဝန်ရှိသူများ၊ စာနယ်ဇင်း မီဒီယာများ၊ သရုပ်ဆောင် ခိုင်နှင်းဝေနှင့် အတူ စာရေးဆရာမ ဒေါ်မေသြင်္ကန်ဟိန် တို့က တက်ရောက်ကာ လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

Colgate Palmolive Co., Ltd. အနေဖြင့် “ ပြုံးပန်းဝေဆာ ရွှေမြန်မာ” လူမှုလှုပ်ရှားမှု အစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး၊ Colgate ချစ်သူများက Colgate Myanmar Facebook Page ကို ပို့ပေးလာတဲ့ အပြုံးဓာတ်ပုံအရေအတွက်အတိုင်း သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းများအား လိုအပ်သော နေရာများတွင် လှူဒါန်းသွားသည့် အစီအစဉ်အား စတင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၈ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ လူမှု လှုပ်ရှားမှု အစီအစဉ်မှာ အပြုံးဓာတ်ပုံပေါင်း ၉၀၄ ပုံ လက်ခံရရှိခဲ့ပြီး Colgate Myanmar က ၎င်းရဲ့ Colgate ချစ်သူများကို ဂုဏ်ပြုသောအားဖြင့် သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပစ္စည်းအစုံ ၁၀၀၀၀ ကို လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။

Photo - Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။