အနည်း ငယ်ကြာတော့ကြာနေပြီဖြစ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီးတော့ ဗဟုသုတဖြစ်ဖွယ် ပြန်ပြောပြပေးမှာပါ။ ဒီဖြစ်စဉ်ဟာ စဖြစ်တုန်းကတည်းက ဟိုးလေးတကျော်ကျော်နဲ့ လူမှုစာမျက်နှာတွေပေါ်မှာတောင်ပျံ့ခဲ့ပါသေးတယ်။ ဖြစ်စဉ်ကတော့ ဘရာဇီးနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာဖြစ်ခဲ့တာပါ။ လုပ်ငန်းစဖို့ မြေကြီးတူးတဲ့နေရာမှာ အဆိုပါကြောက်မက်ဖွယ်ရာမြွေကြီးကို ကရိန်းနဲ့ ညှပ်မိခဲ့တာပါ။

ဒီမြွေဟာ ဧရာမ မြေအောင်းတွားသွားသတ္တဝါတစ်ကောင်ဖြစ်ပြီး နာမည်ကြီး နဂါးမျိုးနွယ်ဝင် Anaconda ဆိုတဲ့ မြွေကြီးပဲဖြစ်ပါတယ်။ကရိန်းနဲ့ပထမတစ်ခေါက် ဆွဲညှပ်ပြီးမလိုက်တဲ့အခါမှာ မြွေကြီးရဲ့ ဦးခေါင်းကိုညှပ်မိသွားခဲ့ပြီး နောက်တစ်ခေါက်မှာတော့ဝမ်းဗိုက်ကနေ ညှပ်ပြီးဆွဲထုတ်လာနိုင်ခဲ့ပါတယ်။မြွေကြီးကတော့ မသေသေးပေမယ့် ညှပ်မိတဲ့ဒဏ်ကြောင့်မလှုပ်နိုင်မရှားနိုင်ဖြစ်ခဲ့ရပါတယ်။

အဆိုပါမြွေကြီးဟာ ပေါင်(၈၀၀)ကျော်လောက်ကို လေးပြီးတော့ အရှည်ကတော့ (၁၀) မီတာ လောက်ထိကို ရှည်ပါတယ်နော်။ မြွေကြီးငြိမ်သွားတဲ့အချိန်လည်းကျတော့ အလုပ်သမားတွေက ကွန်တိန်နာတင်တဲ့ ကားကြီးပေါ်ကို ကရိန်းနဲ့မတင်ပြီး သံကြိုးနဲ့ချည်ထားခဲ့ပါတယ်။ ဒီနောက်မှာတော့ ထိုမြွေကြီးကိုမှတ်တမ်းတင်ထားတဲ့ Videoကို Youtubeပေါ်ကို တင်ခဲ့ရာမှာ သတင်းမီဒီယာတွေရဲ့ ကောင်းမှုကြောင့်နိုင်ငံအနှံ့အပြားကိုပျံ့နှံ့သွားခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ချက်ကတော့ ဒီမြွေကြီးဟာ စတုတ္ထမြောက်ကမ္ဘာ့အကြီးဆုံးမြွေကြီးလို့းသိရပါတယ် ပရိတ်သတ်ကြီးရေ....

Source : You

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။