Cristiano Ronaldo ဟာ အသင်းနဲအတူ Jeddahမှာ လေ့ကျင့်ခန်းအတူတူ ဆင်းနေပါတယ်။ Juventus ဟာ Suppercoopa ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် Ac Milan နဲ့တွေ့ဆုံးရမှာမို့ အပြီအပြင်လေ့ကျင့်ပြီးပြီပဲဖြစ်ပါတယ်။ Juventus ဟာလဲ ပွဲအတွက်လေ့ကျင့်သလို တွေ့ဆုံးလက်မှတ်ထိုးပွဲလည်း လုပ်ခဲ့ပါတယ်။ Ronaldo တစ်ယောက်ကတော့ လက်မှတ်ထိုးပေးတဲ့အပြင် ကလေးပရိသတ်တစ်ယောက်နဲ့လည်း ဓာတ်ပုံအတူတူရိုက်ခဲ့ပါတယ်။

Ronaldo ကိုတော့မသိဘူး....ကလေးလေးကတော့ ချစ်ဖို့ကောင်းနေပြီး ငုတ်ုတ်လေးထိုင်နေပါတယ်။ Ronaldo ကဓာတ်ပုံအတူတူရိုက်ပြီးနောက်မှာ အင်္ကျီကျောကုန်းမှာ လက်မှတ်ထိုးပေးခဲ့ပါတယ်။ အာ့ကိုကြည့်ချင်အားဖြင့် Ronaldo ဟာကလေးချစ်တက်ကြောင်းကို တွေ့ရှိရမှာဖြစ်ပါတယ်။ သူကိုယ်တိုင်ဟာလဲ ကလေးတွေရဲ့အဖေတစ်ယောက်ဖြစ်ပြီး အာ့တွေကြောင့်ပဲ ကလေးတွေကိုချစ်တတ်တာဖြစ်ပါတယ်။ ဘောလုံးကစားသမားတစ်ယောက်အနေနဲ့ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးပဲဖြစ်ပါတယ်။  

ခုလိုမျိုး ဧည့်သည်အဖြစ်လာရောက်ယှဉ်ပြိုင်ကစားတာ Super Cup မှာ ၇ကြိမ်မြောက်ပဲဖြစ်ပါတယ်။ Juventus အသင်းဟာ Serie A ရဲ့ Champion ဖြစ်ပြီး အရင်ပွဲတွေမှာ Libya, United States, China နဲ့ Qatar မှာကစားခဲ့ကြပါတယ်။ ခုပွဲဟာဆိုရင်လဲ Saudi Arabia မှာယှဉ်ပြိုင်ကစားမှာပဲဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်တော့ Supercoppa Italiana Final ကန်ရမှာပဲဖြစ်ကာ ၃၀ရက်နေ့မှာဆိုရင်တော့ Atalanta နဲ့ Choppa Italiana quarter-final မှာတွေ့ဆုံးရမှာဖြစ်ပါတယ်။

Source : Daily Mail Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။