အဆိုတော်ဟဲလေးတစ်ယောက် နှစ်ချို့ဆော်ကြည်ဘဲကြီးတွေဖြစ်ကြတဲ့ သရုပ်ဆောင်အကယ်ဒမီစိုးနဲ့ တေးသံရှင် စိုင်းစိုင်းခမ်းလိုင်တို့ကို စနောက်လိုက်တာပဲဖြစ်ပါတယ်။ City FM 17 နှစ်ပြည့် ဆုပေးပွဲမှာ စိုင်းစိုင်းတစ်ယောက် " အရောင်းရဆုံးတေးစီးရီး " ဆုနဲ့ " တေးစီးရီးထုတ်လုပ်သူ " ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ ဆုကို သရုပ်ဆောင် အကယ်ဒမီစိုးသူက စိုင်းစိုင်းကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး နှစ်ယောက်သားရဲ့ အပြုံးပုံရိပ်လေးတစ်ခုကို ဟဲလေးတစ်ယောက် သူ့ရဲ့လူမှုကွန်ယက်ကနေ နောက်ပြောင်ခဲ့တာပဲဖြစ်ပါတယ်။

အောင်မြင်တဲ့ အဆိုတော်တွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်စနိုးနောက်ပြောင်ပုံလေးက တကယ်ကိုရယ်ချင်စရာပါပဲ။ ဟဲလေးတစ်ယောက် ဒီပုံရိပ်လေးကို " စလုံးအက္ခရာနဲ့..စတဲ့အမျိုးသားတွေဟာ ဆော်ကြည်လွန်းတယ်တဲ့ သားလည်းနာမည်ပြောင်းမယ်...စမူဟဲ " ဆိုပြီး နောက်ပြောင်လိုက်တာပဲဖြစ်ပါတယ်။ ဒီအောက်မှာတော့ စိုင်းစိုင်းက ပြန်လည်ပြီး " အစင်လေးလိုပြောင်းလိုက် " ဆိုပြီး နောက်ပြောင်လိုက်တာပဲဖြစ်ပါတယ်။

ဒီလိုနောက်ပြောင်နေတဲ့အထဲမှာ အဆိုတော်ဖြိုးပြည့်စုံကဝင်ရောက်ပြီး " စိုးပြည့်စုံ " ဆိုပြီး ထပ်မံစနောက်ခဲ့တာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးကတော့ တကယ့်ကိုနှစ်ချို့ဆော်ကြည်ဘဲကြီးတွေမို့ ဟဲလေးတစ်ယောက် ဒီလိုနောက်ပြောင်တာ ထူးတော့မထူးဆန်းတော့ပါဘူးနော်။ အပြန်အလှန်စနောက်နေတဲ့ ပုံစံလေးတွေက တကယ်ကိုကြည်နူးပျော်ရွှင်ရတာမို့ ပရိသတ်ကြီးကိုလည်း တဆင့်ပြန်လည်ပြောပြပေးလိုက်တယ်နော်။

Photo - Naing Lin Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။