ပရိတ်သတ်ကြီးတို့ မျက်လှည့်တွေကြည့်ရတာကြိုက်ကြတယ်မဟုတ်လား? အားလုံးလည်းကြိုက်ကြပါတယ်။ ဒီလိုကြည့်လို့ ကောင်းဖို့ ပရိတ်သတ်တွေအံ့အားသင့်စေဖို့အတွက် မျက်လှည့်ဆရာတွေကလည်းအကောင်းဆုံးကြိုးစား ကြပါတယ်။အဲ့လိုကြိုးစားရင်းကနေ ကိုယ့်ရဲ့အသက်ပါပေးခဲ့ရတဲ့ အဖြစ်တွေလည်း ရှိခဲ့ပါတယ်။ အခုပြောပြမယ့်တစ်ခုကလည်း မျက်လှည့်ပြကွက်တစ်ခုအတွက်အသက်ကိုအလောင်းအစားလုပ်ပြီးပေးခဲ့ရတဲ့ မျက်လှည့်ဆရာအကြောင်းပါ။

နာမည်ကတော့ ဂျိုးဘရုစ် ပါ။ ၁၉၈၀ကျော်ဝန်းကျင်မှာဆိုရင် သူဟာ အမေရိကန်ရဲ့ နာမည်ကြီးမျက်လှည့်ဆရာတစ်ယောက်အဖြစ်တောင်မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။ သူဟာ မျက်လှည့်ပြကွက်ပေါင်းများစွာနဲ့ မြို့ပြတွေပေါ်မှာထင်ရှားတဲ့ သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူရဲ့ နာမည်ကျော်မျက်လှည့်တစ်ခုကတော့ မြေမြှုပ်ထားရာကနေ လွတ်အောင်ရုန်းပြတဲ့ မျက်လှည့်ပြကွက်ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်အဲ့ အခါတုန်းကတော့ အရမ်းကိုခေတ်စားခဲ့တဲ့ပြကွက်ပဲပေါ့ဗျာ။

ဂျိုး ဟာ သူ့ရဲ့ အကျွမ်းကျင်ဆုံး အရာကသူ့ကိုပြန်သတ်တယ်လို့ပြောရမလားပဲ။ ၁၉၉၀ အောက်တိုဘာလ (၃၀)ရက်နေ့မှာ အမေရိကန် ကယ်နီဖိုးနီးယားပြည်နယ်မှာပြုလုပ်တဲ့ မျက်လှည့်ပြပွဲမှာတော့ ဂျိုးတစ်ယောက်ကံဆိုးခဲ့ပါတယ်။ သူ့ရဲ့လက်တွေခြေတွေကိုသံကြိုးနဲ့ချည်ပြီး မှန်အခေါင်းထဲထည့်ကာ သူ့ကိုမြေမြုပ်ပြီး မျက်လှည့်ပြကွက်ကိုပြသခဲ့ပါတယ်။ဒါပေမယ့် စိတ်မကောင်းစွာပဲ ထိုအခေါင်းထဲကကော မြေမြှုပ်ထားခဲ့တဲ့နေရာကကော ဂျိုးတစ်ယောက်ပြန်မထွက်လာနိုင်ပဲ လူထုရှေ့မှာတင်သေဆုံးခဲ့ရပါတယ်။ သူ့ရဲ့နောက်ဆုံးပွဲတစ်ခုဖြစ်တဲ့ဒီ မျက်လှည့်ပြပွဲကို ရိုက်ထားခဲ့တဲ့ videoလေးကိုတော့ လူမှုကွန်ယက်ထဲမှာ ရှားရှားပါးပါးတွေ့ခဲ့ရတဲ့အတွက် ပရိတ်သတ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : wikidata

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။