မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းလင်းကတော့ မိတ်ကပ်ပညာကို ငယ်စဉ်ကတည်းက လေ့လာခဲ့တဲ့သူတစ်ယောက်ဖြစ်လို့ အခုချိန်မှာဆိုရင် အရမ်းတော်တဲ့ Make up artist တစ်ယောက်ဖြစ်နေပါပြီနော်။လင်းလင်းက မိတ်ကပ်ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရင်း အလှအပအနုအရွလေးတွေနဲ့သာနေခဲ့ရလို့ မိန်းကလေးစိတ်ဖြစ်ပေါ်လာပြီး မိန်းမသားဘဝကို ပြောင်းလဲခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လင်းလင်းက အနုပညာအသိုင်းအဝိုင်းမှာ နာမည်ရှိတဲ့ မိတ်ကပ်ဆရာတစ်ယောက်ဖြစ်တဲ့အပြင် မင်းသားမင်းသမီးတွေအားထားနေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မိန်းမသားဘဝကိုပြောင်းလဲထားတဲ့သူတစ်ယောက်ဖြစ်လို့ သူမရဲ့ကိုယ်ဟန်အနေအထား အပြောအဆိုအပြုအမူတွေအကုန်လုံးက မိန်းကလေးဆန်ဆန် သိမ်သိမ်မွေ့မွေ့လေးနဲ့ ကျက်သရေရှိစွာနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင် လင်းလင်းက သူရဲ့သူငယ်ချင်းများဖြစ်တဲ့ သုသု မထက်နဲ့ မကြီးစန်းတို့နဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုရိုက်ကူးနေပါပြီနော်။သူငယ်ချင်းတွေစုပြီးရိုက်ရတဲ့ ဟာသဇာတ်ကားလေးမို့ သူတို့တွေအကုန်လုံးအရမ်းကိုပျော်ရွှင်ရပါတယ်နော်။လင်းလင်းတို့အဖွဲ့က ရိုက်ကူးရေးအတွက် ငပလီကို ရောက်ရှိနေပြီး ပျော်ပျော်ပါးပါးနဲ့ ရိုက်ကူးရေးတွေလုပ်ဆောင်နေပါတယ်။လင်းလင်းက ငပလီမှာ အလွင့်ဒီဇိုင်းနဲ့ sexy ဆန်ဆန်စွဲဆောင်မှုတွေနဲ့ ရိုက်ထားတဲ့ tiktok လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်နော်။

Source:Lin Linn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။